နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်နိုင်ငံတွင် ကန့်သတ်ပိတ်ပင်မှုစည်းမျဉ်းများ ဖြေလျှော့

မေ ၁၂၊ ပါရီ

ပြင်သစ်နိုင်ငံတွင် ရက်သတ္တရှစ်ပတ်ကြာ ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်ခဲ့ပြီးနောက် ပိတ်ဆို့မှုစည်းမျဉ်း များကို ပြန်လည်ဖြေလျှော့ပေးခဲ့ရာ လူသန်းပေါင်းများစွာ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။ ဈေးဆိုင်များကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး မူလတန်းကျောင်းသား၊ ကျောင်းသူများလည်း ကျောင်း ပြန်တက်ခဲ့ကြသည်။ လူများအနေဖြင့် ယင်းတို့အိမ်မှ ထွက်ခွာချိန်တွင် သွားလာခွင့် အသိအမှတ်ပြုလက်မှတ် လိုအပ်တော့မည်မဟုတ်ပေ။

သို့သော် ပြင်သစ်နိုင်ငံတွင် အနီရောင်ဇုန်များနှင့် အစိမ်းရောင်ဇုန်များဟူ၍ နှစ်မျိုးခွဲခြားထားရာ ပါရီမြို့အပါအဝင် ပြင်သစ်နိုင်ငံ၏ အချို့ဒေသများမှာ တင်းကျပ်စွာ ထိန်းချုပ်ခံထားရဆဲဖြစ်သည်။ မတ်လ ၁၇ ရက်က တားဆီးကန့်သတ်မှုများ ပြုလုပ်ချိန်တွင် ပြင်သစ်သမ္မတ မက်ခရွန်အပေါ် လှိုက်လှိုက်လှဲလှဲ အားပေးထောက်ခံခဲ့ကြသော်လည်း နောက်ပိုင်းတွင် ပြင်သစ်အစိုးရ၏ တုံ့ပြန်လှုပ်ရှားမှုများအပေါ် ဝေဖန်ခဲ့ကြသည်။ ဥရောပနိုင်ငံများအနက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို အဆိုးရွားဆုံး ကြုံတွေ့နေသည့် ပြင်သစ်နိုင်ငံတွင် မတ်လ ၁ ရက်နောက်ပိုင်း COVID-19 ကြောင့် လူ ၂၆၀၀၀ ကျော် သေဆုံးခဲ့သည်။      
                                                           
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ