နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သိန္နီမြို့နယ်နှင့်ရွှေကူမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

သိန္နီ ၊ ဇန်နဝါရီ  ၂၆


  ဇန်နဝါရီ ၂၅ ရက်၊ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်၊ လားရှိုး-သိန္နီသွားကားလမ်း၊ နားဆော့ကျေးရွာအနီးတွင် ထွယ်အောင် မောင်းနှင်ပြီး ဂွမ်ဆန်အောင်လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသည့် စက္ကူဂျပ်ဖာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ထွယ်အောင်(၂၇)နှစ်၊ ဂွမ်ဆန်အောင်(၂၆)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဇန်နဝါရီ ၂၅ ရက်၊ ည ၁၀ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သည် ရွှေကူမြို့နယ်၊ စီမော်ကျေးရွာအနီး၊ စီမော်-စီသာကျေးရွာသွားကားလမ်းတွင် ဝင်းကိုမောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှစိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ဝင်းကို(၃၅)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ