နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
IS အဖွဲ့၏ ဒေသဆိုင်ရာခေါင်းဆောင်ကို ဖမ်းဆီးရမိ

မေ ၁၂၊ ကာဘူးလ်

အာရှတောင်ပိုင်းနှင့် အရှေ့ဖျားဒေသဆိုင်ရာ IS အဖွဲ့ခေါင်းဆောင်ကို ကာဘူးလ်မြို့တွင် လက်ရဖမ်းမိခဲ့ ကြောင်း အာဖဂန်နစ္စတန် ထောက်လှမ်းရေးအဖွဲ့က ပြောသည်။ ရှိတ်အိုမာကာရိုဆာနီဟု လူသိများသည့် ဇီယာအယ်ဟက်ကို IS အဖွဲ့မှ အခြားထိပ်တန်းခေါင်းဆောင်နှစ်ဦးနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်သည်။ တာလီဘန်အဖွဲ့မှာ အာဖဂန်နစ္စတန်နိုင်ငံ၏ အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်သော်လည်း IS အဖွဲ့မှာ အချို့ဒေသများတွင် လှုပ်ရှားခဲ့ပြီး ကာဘူးလ်မြို့တွင် ဗုံးခွဲတိုက်ခိုက်မှု အများအပြား ပြုလုပ်ခဲ့သည်။

ဇီယာအယ်ဟက်ကို ဖမ်းဆီးရမိကြောင်း အတည်ပြုနိုင်ပါက အဓိကအောင်မြင်မှုတစ်ရပ် ဖြစ်လာ မည်ဟု ဘီဘီစီသတင်းဌာန၏ ဒေသခံသတင်းထောက်များက ပြောသည်။ ယင်းနှင့်အတူ ဖမ်းဆီးခံရ သည့် IS အဖွဲ့၏ အခြားထိပ်တန်းခေါင်းဆောင်နှစ်ဦးမှာ ဇီယာအယ်ဟက်၏ ပြောရေးဆိုခွင့်ရှိသူ ဆာဟိဘ်၊ ထောက်လှမ်းရေးအကြီးအကဲ အဘူအလီတို့ဖြစ်သည်ဟု သတင်းများက ဖော်ပြသည်။ မကြာသေးမီက ဖမ်းဆီးရမိခဲ့သည့် IS အဖွဲ့ ထိပ်တန်းအဖွဲ့ဝင်လေးဦး၏ သတင်းပေးချက်၊ လုံခြုံရေးနှင့် ထောက်လှမ်းရေးသတင်းများအပေါ် အခြေခံ၍ ဇီယာအယ်ဟက်ကို ဖမ်းဆီးရန် စစ်ဆင်ရေးဆင်နွှဲခဲ့ခြင်းဟု အာဖဂန်နစ္စတန်ထောက်လှမ်းရေးအဖွဲ့က ပြောသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း အမေရိကန်နှင့် တာလီဘန်အဖွဲ့ကြား စစ်သည်များ ဆုတ်ခွာရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့သော်လည်း အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်းတွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားနေဆဲဖြစ်သည်။ 
                                                                               
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ