နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေးမြစ်အတွင်းသို့ မော်တော်ယာဉ်တစ်စီးအရှိလွန်ထိုးကျ ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦးသေဆုံး

ရေး၊ ဇန်နဝါရီ  ၂၆


   ဇန်နဝါရီ ၂၂ ရက်၊ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်ခန့်၊ မွန်ပြည်နယ်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ကမ်းနားဈေးလမ်းတွင် ယာဉ်မောင်း ဦးစိုးမြင့်မောင်းနှင်ပြီး ဦးရွှေလားလိုက်ပါလာသော(လိုင်စင်မဲ့) HONDA FIT အမျိုးအစား(အဖြူရောင်)ယာဉ်သည် ကမ်းနားလမ်းမှ မြသီတာဈေးဘက်သို့ မောင်းနှင်လာစဉ် အရှိန် မထိန်းနိုင်ဘဲ ရေးမြစ်အတွင်းသို့  ထိုးကျမှုဖြစ်ပွားကြောင်း သိရသဖြင့် ရေးမြို့နယ်မီးသတ်စခန်းနှင့် ရန်ကြီးအောင်အရန်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၂ စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

  အဆိုပါဖြစ်စဉ်ကြောင့် ရေးမြစ်ထဲမှ ယာဉ်နှင့် ယာဉ်ပေါ်ပါ အမျိုးသား ၂ ဦးအား ဆယ်ယူကယ်ထုတ်နိုင်ခဲ့ပြီး ရေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် အဆိုပါ အမျိုးသား ၂ ဦးမှာ (သေဆုံး)ခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ဦးစိုးမြင့် အား ရေးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ