နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာချီလိတ်မြို့နယ်၌ လုယက်မှုကျူးလွန်သူများအား နာရီပိုင်းအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

တာချီလိတ်၊ ဇန်နဝါရီ  ၂၆


   ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌မကာဟိုခမ်းရပ်ကွက်နေ မောင်-------(၂၂)နှစ်နှင့် ဆန်းဆိုင်း(ခ)ရပ်ကွက်နေ မ------ (၂၃)နှစ်တို့ ၂ ဦးသည် ဇန်နဝါရီ ၂၀ ရက်၊ ည ၉ နာရီခွဲအချိန်က ဆန်းဆိုင်း(ခ)ရပ်ကွက် စံလင်းဖြိုးကုမ္ပဏီ အိမ်ရာစီမံကိန်းအနီးလမ်းဘေး၌ စကားပြောနေစဉ် အမျိုးသား ၂ ဦး ရောက်ရှိလာပြီး မောင်----- အား ဓားဖြင့်ထောက်၍ မျက်နှာအား လက်သီးဖြင့်ထိုးပြီး ဆိုင်ကယ်တစ်စီး၊ ဖုန်း ၃ လုံး၊ KBZ ဘဏ်ကဒ် တစ်ခု၊ ထိုင်းဘတ်ငွေ ၂,၀၀၀ တို့အား လုယူထွက်ပြေးသွားကြောင်း သတင်းအရ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က လိုက်လံစုံစမ်းရာ ဇန်နဝါရီ ၂၁ ရက်၊ နံနက်တွင်ဆိုင်ကယ်အပေါင်ခံလေ့ရှိသူ မဲခေါင်ရပ်ကွက်ရှိ မင်းဇော်ဦး(ခ)ဝတုတ်(ခ)သားဇော်(၃၇)နှစ်၏ နေအိမ်ခြံဝင်းအတွင်း၌ လုယူခံရသည့် ဆိုင်ကယ်အားတွေ့ရှိ သဖြင့် စစ်မေးရာ ဆန်းဆိုင်း(ခ)ရပ်ကွက်နေ သီဟ (၂၇)နှစ်က ထိုင်းဘတ်ငွေ ၁၅,၀၀၀ ဖြင့် ပေါင်နှံခဲ့ကြောင်း ထွက်ဆိုခဲ့သဖြင့် စုံစမ်းရှာဖွေရာ ရန်အောင်မြေ ရပ်ကွက်ရှိ “မင်းမင်း” တည်းခိုခန်းတွင် သီဟအား တွေ့ရှိသဖြင့် စစ်မေးရာ အဆိုပါဆိုင်ကယ်အား ဝမ်ကောင်းရပ်ကွက်နေ ရဲနောင်(၂၃)နှစ်နှင့် မကာဟိုခမ်းရပ်ကွက်နေ ဉာဏ်လင်းထွန်း(ခ)ဝါခေါင် (၂၁)နှစ်တို့က ပေါင်နှံခိုင်းကြောင်း ထွက်ဆိုသဖြင့် ရဲနောင်နှင့် ဉာဏ်လင်းထွန်း(ခ)ဝါခေါင်တို့အား ရှာဖွေခဲ့ရာ ဝမ်မိုင်ကျေးရွာ၌ ဖမ်းဆီးရမိခဲ့သောကြောင့် သက်သေခံပစ္စည်းများအား သိမ်းဆည်းပြီး ရဲနောင်ပါ ၄ ဦးအား တာချီလိတ်မြို့မရဲစခန်း(ပ)၁၇/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၃၂၃/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။  


ဆွေဦး






အခြားဆက်စပ်သတင်းများ