နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Snapdragon 865 သုံးထားသည့် Meizu 17 စီးရီးကို မိတ်ဆက်

မေ  ၁၂

Meizu က စမတ်ဖုန်းသစ်ဖြစ်သည့် Meizu 17 နှင့် Meizu 17 Pro တို့ကို မိတ်ဆက်လာပြီဖြစ်သည်။ အဆိုပါ ဖုန်းများမှာ Meizu ၏ ပထမဆုံး 5G စမတ်ဖုန်းများလည်းဖြစ်သည်။ ဖုန်းနှစ်မျိုးစလုံးမှာ ၆ ဒသမ ၆ လက်မ Super AMOLED ပါဝင်ပြီး 90Hz Refresh Rate ဖြင့် ထောက်ပံ့ထားသည်။

ကျောဘက်မှာ အဓိကကင်မရာက 64M Sony IMX686 ဖြစ်သည်။ Meizu 17 Pro မှာ 8x Lossless Zoom သုံးနိုင်သည့် 8MP Telephoto ၊ 129 ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်သည့် 32MP Ultrawide နှင့် Samsung SKK3 3D ToF တို့ ပါဝင်သည်။ Meizu 17 ၏ ကျန်ကင်မရာသုံးလုံးက 12MP Wideshooter ၊ 8MP Ultrawide နှင့် 5MP Macro တို့ဖြစ်သည်။ မျက်နှာပြင်မှာ In-Display Fingerprint Scanner ပါဝင်ကာ 19:5:9 Aspect Ratio နှင့် HDR10+ ထောက်ပံ့ထားသည်။ စတီရီယိုစပီကာနှစ်လုံးပါဝင်သလို mEngine 3.0 Haptic Engine လည်း ပါဝင်သည်။

Meizu 17 စီးရီးတွင် Qualcomm Snapdragon 865 ပါဝင်ကာ Meizu 17 Pro ကို 12GB LPDDR5 RAM အထိ ရွေးချယ်နိုင်သလို Meizu 17 ကို 8GB LPDDR4X RAM အထိ ရွေးချယ်နိုင်သည်။ ဖုန်းနှစ်မျိုးလုံးကို 128GB (သို့မဟုတ်) 256GB UFS 3.1 Storage ဖြင့် ရွေးချယ်နိုင်သည်။ ဖုန်းနှစ်မျိုးလုံးမှာ ဘက်ထရီ 4500 mAh ပါဝင်ပြီး 30W Fast Charging ဖြင့် အားသွင်းနိုင်မည်ဖြစ်သည်။

Meizu 17 ကို အဖြူရောင်၊ ခဲရောင်နှင့် အစိမ်းရောင်တို့ဖြင့် ရွေးချယ်နိုင်ပြီး 8GB/128GB ကို ၅၂၅ ဒေါ်လာ ၊ 8GB/256GB ကို ၅၆၅ ဒေါ်လာ သတ်မှတ်ထားသည်။
Meizu 17 Pro ကို အစိမ်းရောင်၊ အနက်ရောင်နှင့် အဖြူရောင်တို့ဖြင့် ရွေးချယ်နိုင်ပြီး 8GB/128GB ကို ၆၀၅ ဒေါ်လာ ၊ 12GB/256GB ကို ၆၆၅ ဒေါ်လာ သတ်မှတ်ထားသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ