နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပဋိဇီဝဆေးဝါးတစ်ချို့ကြောင့် ယာဉ်မောင်းစဉ် အန္တရာယ်ရှိနိုင်

ဇန်နဝါရီ     ၂၆

ဆေးဝါးအများစုသည် လူတစ်ဦးကားမောင်းနိုင်စွမ်းကို မထိခိုက်နိုင်ပါ။ သို့သော် တစ်ချို့သော လွတ်လပ်စွာ ဝယ်ယူနိုင်သည့် ပဋိဇီဝဆေးများနှင့် ဆရာဝန်ပေးသော ဆေးဝါးတစ်ချို့ကလည်း ဘေးထွက် ဆိုးကျိုးများ ရှိနိုင်သည့်အတွက် ကားမောင်းရန် ဘေးကင်းမှုကို ထိခိုက်စေနိုင်သည်ဟု အမေရိကန် အားကစား နှင့်ဆေးဝါးအဖွဲ့ (FDA)က သတိပေးပြောကြားထားသည်။
အချို့ဆေးဗူးခွံများပေါ်တွင် ဆေးသောက် ပြီးနောက် စက်ယန္တရားကြီးများ မောင်းနှင်ခြင်းမပြုရန် သတိပေးထားသည်။ ၎င်းသတိပေးချက်သည် စက်တပ် ယာဉ်အားလုံးအတွက် သတိပေးချက်ဖြစ်သည်ဟု မှတ်သားနာယူသင့်ပါသည်။

၄င်းဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးအဖြစ် အိပ်ငိုက်ခြင်း၊ မူးဝေခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ လှုပ်ရှားမှု နှေးကွေးခြင်း၊ မူးမိုက်ခြင်း၊ အာရုံစိုက်မှုလျော့ပါးခြင်း၊ မအီမသာဖြစ်ခြင်း နှင့် စိတ်လှုပ်ရှားမှု မြင့်တက်ခြင်းများ ခံစားရနိုင်သည်။ ဆေးဝါးအချို့က ကားမောင်းနိုင်စွမ်းကို နာရီအချို့သာ ထိခိုက်နိုင်သော်လည်း၊ အချို့သည် နာရီများစွာကြာမြင့်နိုင်ပြီး၊ အချို့မှာ နောက်တစ် နေ့အထိ ထိခိုက်နိုင်ပါသည်။ အထူးသဖြင့် အကိုက်အခဲ ပျောက်ဆေး၊ စိတ်ငြိမ်ဆေး၊ အတက်ရောဂါပျောက် ဆေးဝါး၊ စိတ်ကျန်းမာရေးဆေး၊ စိတ်ကျ ရောဂါကာကွယ် ဆေး၊ codeine ပါဝင်သော ဆေးဝါးများ၊ အအေးမိ နှာစေး၊ ချောင်းဆိုးပျောက်ဆေးဝါးတစ်ချို့၊ ဓာတ်မတည့်မှု ကာကွယ်ဆေး၊ အိပ်ဆေး၊ ကြွက်သားနာကျင်သက်သာဆေး၊ ဝမ်းပျက်ဝမ်းလျော ကာကွယ်ဆေး၊ ကိုယ်အလေး ချိန်ချ ဆေးဝါးများ၊ မျက်လုံးကျယ်ဆေးများက အထက်ပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရနိုင်ပြီး ယာဉ်မောင်း နေစဉ်အန္တရာယ်ရှိနိုင်ကြောင်း (FDA) က သတိပေးထားသည်။                    

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ