နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
OnePlus Watch ကို ယခုနှစ်အစောပိုင်းတွင် မိတ်ဆက်မည်

ဇန်နဝါရီ   ၂၆

OnePlus ကယင်းတို့၏ ပထမဆုံးစမတ်နာရီ OnePlus Watch ကို ယခုနှစ်အစောပိုင်းအတွင်းမှာ မိတ်ဆက်ကြေညာလာမည်ဖြစ်ကြောင်း တရားဝင်အတည်ပြုခဲ့သည်။ ထို့အပြင် OnePlus Watch မှာ စက်ဝိုင်း ရုပ်ထွက်ဒီဇိုင်းသုံးလာမည်ဖြစ်ကြောင်း OnePlus က အတည်ပြုထားပြီးဖြစ်သည်။

ယခုအခါတွင် OnePlus Watch က အိန္ဒိယမှာထောက်ခံချက်ရရှိလာပြီဖြစ်ပြီး အိန္ဒိယမှ BIS (Bureau of Indian Standards) မှာထောက်ခံချက်ရယူလာခြင်းဖြစ်သည်။
OnePlus စမတ်နာရီကို ဗားရှင်းနှစ်မျိုးဖြင့် ထောက်ခံချက်ရယူလာခြင်းဖြစ်ပြီး မော်ဒယ်နံပါတ်များက W501GB နှင့် W3045B ဖြစ်ကာ Wi-Fi နှင့် LTE ဗားရှင်းတို့ဖြစ်လာရန်ရှိကြောင်း သိရသည်။                 

(သူရိန်)






အခြားဆက်စပ်သတင်းများ