နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Moderna ကာကွယ်ဆေးက ကိုဗစ်-၁၉ မျိုးဗီဇသစ်ကိုလည်း ကာကွယ်ပေးနိုင်စွမ်းရှိဟု တွေ့ရှိ

ဝါရှင်တန်  ဇန်နဝါရီ  ၂၆


Moderna ကုမ္ပဏီ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမှာ ဗြိတိန်နှင့် တောင်အာဖရိကနိုင်ငံများတွင် တွေ့ရသည့် ကူးစက်မြန် ကိုဗစ်မျိုးဗီဇသစ်များကို ကာကွယ်ပေးနိုင်ဖွယ်ရှိသည်ဟု Moderna ကုမ္ပဏီ၏ သိပ္ပံပညာရှင်များက ပြောသည်။ ဓာတ်ခွဲခန်းတွင် ကနဦးစမ်းသပ်မှုများအရ Moderna ကာကွယ်ဆေးကြောင့် ဖြစ်ပေါ်လာသည့် ပဋိပစ္စည်းများက ကိုဗစ်-၁၉ မျိုးဗီဇသစ်ကိုဖော်ထုတ်ပြီး တိုက်ဖျက်နိုင်စွမ်းရှိသည်ဟု ယူဆလျက်ရှိသည်။


သို့သော် ကာကွယ်ဆေးထိုးပြီးသူများအနေဖြင့် ကိုဗစ်မျိုးဗီဇသစ်ကို ကာကွယ်နိုင်ခြင်း ရှိကြောင်း အတည်ပြုနိုင်ရန် နောက်ထပ်လေ့လာမှုများ ပြုလုပ်ရဦးမည်ဖြစ်သည်။ ကိုဗစ်-၁၉ မျိုးဗီဇသစ်မှာ နိုင်ငံအများအပြားတွင် လျင်မြန်စွာ ကူးစက်ပြန့်ပွားလျက်ရှိသည်။ မျိုးဗီဇသစ်မှာ သန္ဓေပြောင်းလဲမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် မူလမျိုးဗီဇနှင့် နှိုင်းယှဉ်ပါက လူသားဆဲလ်များကို အလွယ်တကူ ကူးစက်နိုင်စွမ်းရှိသည်။


ပြီးခဲ့သည့်စက်တင်ဘာလက ဗြိတိန်နိုင်ငံတွင် ထွက်ပေါ်လာသည့် မျိုးဗီဇသစ်မှာ ၇၀ ရာခိုင်နှုန်းအထိ ပို၍ကူးစက်မြန်သည်ဟု ကျွမ်းကျင်ပညာရှင်များက ဆိုသည်။ လက်ရှိ အသုံးပြုနေသည့် Moderna ကာကွယ်ဆေးမှာ ကိုဗစ်-၁၉ ရောဂါ၏ မူလမျိုးဗီဇကို တိုက်ဖျက်နိုင်ရန် ဖော်စပ်ထားခြင်းဖြစ်သော်လည်း မျိုးဗီဇသစ်ကိုပါ တိုက်ဖျက်နိုင်စွမ်းရှိသည်ဟု တွေ့ရှိခဲ့ခြင်းဖြစ်သည်။


(KNT)






အခြားဆက်စပ်သတင်းများ