နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်ကိုရီးယားထိပ်တန်းသံအမတ်က တောင်ကိုရီးယားနိုင်ငံသို့ ဝင်ရောက်ခိုလှုံ

ဆိုးလ်  ဇန်နဝါရီ  ၂၆


မြောက်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းအဆင့် သံအမတ်တစ်ဦးက တောင်ကိုရီးယားနိုင်ငံသို့ ဝင်ရောက် ခိုလှုံခဲ့ကြောင်း တောင်ကိုရီးယားမီဒီယာ Maeil business daily က ဖော်ပြသည်။ ရူဟွန်ဝူးမှာ ကူဝိတ်နိုင်ငံ ဆိုင်ရာ ယာယီသံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလက ယင်း၏ မိသားစုနှင့်အတူ ထွက်ပြေးခိုလှုံခဲ့ခြင်းဟုဆိုသည်။ ရူဟွန်ဝူးမှာ ယင်း၏သားသမီးများ အနာဂတ်အရေး စိတ်အေးရစေရန် တောင်ကိုရီးယားသို့ ဝင်ရောက်ခိုလှုံခဲ့ခြင်းဟု ဖော်ပြထားသည်။


အဆိုပါဖြစ်ရပ်မှာ အီတလီနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ် ဂျိုဆောင်ဂီ၏ဖြစ်ရပ်နှင့် တူညီနေ သည်။ ၂၀၁၈ ခုနှစ်က အီတလီနိုင်ငံမှ ပျောက်ဆုံးသွားသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် ဂျိုဆောင်ဂီမှာ ၂၀၁၉ ခုနှစ်တွင် တောင်ကိုရီးယားသို့ဝင်ရောက်ခိုလှုံခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် အဆိုပါဖြစ်ရပ်ကို လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။


ရူဟွန်ဝူး ဝင်ရောက်ခိုလှုံသည်ဆိုသည့် သတင်းများနှင့်ပတ်သက်၍ တောင်ကိုရီးယားအရာရှိများက အတည်ပြုရန်ငြင်းဆန်ခဲ့သည်။ ရူဟွန်ဝူးမှာ ၂၀၁၇ ခုနှစ်ကတည်းက ကူဝိတ်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း တောင်ကိုရီးယားနိုင်ငံသို့ ဝင်ရောက် ခိုလှုံသည့် မြောက်ကိုရီးယားနိုင်ငံသား ၁၀၀၀ နီးပါးရှိသော်လည်း မြောက်ကိုရီးယားထိပ်တန်းအရာရှိများ ဝင်ရောက်ခိုလှုံမှုမှာ အင်မတန်ရှားပါးသည်။       


(KNT)






အခြားဆက်စပ်သတင်းများ