နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ်နယ်ထရမ့်ကို စွပ်စွဲပြစ်တင်ရန် လွှတ်တော်ဆိုင်ရာစစ်ဆေးမှုမှာ ဖြစ်သင့်ဖြစ်ထိုက်သည့်ကိစ္စဟု ဂျိုးဘိုင်ဒင် ပြော

ဝါရှင်တန်  ဇန်နဝါရီ  ၂၆


သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို စွပ်စွဲပြစ်တင်ရန် လွှတ်တော်တွင် စစ်ဆေးမှုမှာ ဖြစ်သင့်ဖြစ်ထိုက် သည့်ကိစ္စဖြစ်ကြောင်း အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒင်က CNN သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတွင် ပြောခဲ့သည်။ အဆိုပါကိစ္စမှာ ယင်း၏ ဥပဒေပြုရေးအစီအစဉ်နှင့် အစိုးရဝန်ကြီးအဖွဲ့ ရွေးချယ်မှုအပေါ် သက်ရောက်မှုရှိစေနိုင်သော်လည်း စွပ်စွဲပြစ်တင်ရန်အတွက် လွှတ်တော်တွင်စစ်ဆေးမှုမလုပ်နိုင်ပါက ကြုံရမည့် သက်ရောက်မှုမှာ ပိုမိုဆိုးရွားလိမ့်မည်ဟု ဂျိုးဘိုင်ဒင်က ပြောသည်။


လက်ရှိအချိန်တွင် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်း ၆ လမျှ ကျန်ဦးမည်ဆိုပါက အထက်လွှတ်တော် မဲခွဲမှုတွင် ထွက်ပေါ်လာမည့်ရလဒ်မှာ တစ်မျိုးတစ်ဖုံဖြစ်နေလိမ့်မည်ဟု ယင်းက ဆိုသည်။ သို့သော် ယခုအခါ တွင်လည်း ဒေါ်နယ်ထရမ့်ကို စွပ်စွဲပြစ်တင်ရန် ရီပတ်ဗလစ်ကန်ပါတီဝင် အထက်လွှတ်တော်အမတ် ၁၇ ဦးက ထောက်ခံမဲပေးမည်ဟု မထင်ကြောင်း ဂျိုးဘိုင်ဒင်က ပြောသည်။


ဒေါ်နယ်ထရမ့်ကို စွပ်စွဲပြစ်တင်ရန် အထက်လွှတ်တော်တွင် မဲခွဲအတည်ပြုလိုက်ပါက ယင်းအနေဖြင့် ၂ ကြိမ်တိုင်တိုင် စွပ်စွဲပြစ်တင်ခံရသည့် ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာမည်ဖြစ်သည်။ သို့သော် ဒေါ်နယ်ထရမ့်ကို စွပ်စွဲပြစ်တင်ရန် လွှတ်တော်တွင်စစ်ဆေးရာ၌ မျက်မြင်သက်သေများကို လာရောက် ထွက်ဆိုစေမည် ဟုတ်၊ မဟုတ်၊ အချိန်မည်မျှကြာမြင့်မည်စသည့်ကိစ္စရပ်များကို တိတိကျကျမသိရသေးပေ။


(KNT)






အခြားဆက်စပ်သတင်းများ