နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ညမထွက်ရအမိန့် ထုတ်ပြန်မှုအပေါ်ဆန့်ကျင်သည့် ဆူပူအုံကြွမှုကို ဟော်လန်ဝန်ကြီးချုပ် ရှုတ်ချ

အမ်စတာဒမ်  ဇန်နဝါရီ  ၂၆


ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုတားဆီးရေးဆိုင်ရာ စည်းမျဉ်းသစ်များအပေါ် ဆန့်ကျင်သည့် ဆူပူအုံကြွမှုများမှာ ပြစ်မှုမြောက်သည့် ဆူပူအုံကြွခြင်းဖြစ်သည်ဟု ဟော်လန်ဝန်ကြီးချုပ် မက်ခ်ရက်တီက ရှုတ်ချခဲ့သည်။ ပြီးခဲ့သည့်စနေနေ့က ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့်ကို ဆန့်ကျင်သည့်အနေဖြင့် ဆူပူအုံကြွသူများက ရဲတပ်ဖွဲ့ဝင်များကိုတိုက်ခိုက်ခဲ့ပြီး ကားများနှင့်စက်ဘီးများကို မီးရှို့ခဲ့သည်။


ဟော်လန်နိုင်ငံတောင်ပိုင်း အိုင်ဟိုဗန်မြို့တွင် ဆန္ဒပြသူများက မီးရှုးမီးပန်းများပစ်လွှတ်ခြင်း၊ စူပါမားကတ် များကို ဝင်ရောက်ဖောက်ထွင်းခြင်း၊ ဈေးဆိုင်ပြတင်းပေါက်များကို ရိုက်ခွဲခြင်းများ ပြုလုပ်ခဲ့သည်။ ဟော်လန်နိုင်ငံမြို့တော် အမ်စတာဒမ်မြို့နှင့် နိုင်ငံတစ်ဝန်းရှိ အခြားမြို့များတွင်လည်း အသေးစား ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့သည်။ ဆန္ဒပြပွဲများတွင် လူ ၂၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။


''ဒါက ဆန္ဒပြစရာမလိုတဲ့ကိစ္စပါ။ ဒါက ပြစ်မှုမြောက်တဲ့ ဆူပူအုံကြွမှုပဲ။ အဲဒီလိုပဲ သဘောထားရမှာပါ''ဟု ဟော်လန်ဝန်ကြီးချုပ် မက်ခ်ရက်တီက ပြောသည်။ အိုင်ဟိုဗင့်မြို့တွင် အဓိကရုဏ်း နှိမ်နင်းရေးဝတ်စုံပြည့် ဝတ်ဆင်ထားသည့် ရဲတပ်ဖွဲ့ကို ဂေါ့ဖ်ဘောလုံးများ၊ မီးရှူးမီးပန်းများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် နောက်ဆုံးတွင် မျက်ရည်ယိုဓာတ်ငွေ့အသုံးပြု၍ လူစုခွဲခဲ့ရသည်။ ဟော်လန်နိုင်ငံအရှေ့ပိုင်း အန်ရှီဒီမြို့တွင် ဆန္ဒပြသူများက ဆေးရုံတစ်ရုံ၏ ပြတင်းပေါက်ကို ကျောက်ခဲများဖြင့်ပစ်ပေါက်ခဲ့ကြသည်။                                             


(KNT)






အခြားဆက်စပ်သတင်းများ