နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိုင်ဆိုင်မှု အငြင်းပွားနေသည့်နယ်စပ်တွင် တရုတ်နှင့် အိန္ဒိယစစ်သည်များ တိုက်ခိုက်မှုဖြစ်ပွား

ဘေဂျင်း  ဇန်နဝါရီ  ၂၆


ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နယ်စပ်ဒေသတွင် တရုတ်နှင့် အိန္ဒိယစစ်သည်များ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး နှစ်ဘက်စလုံးထိခိုက်ဒဏ်ရာရခဲ့ကြောင်း Times of India သတင်းဌာနက ဖော်ပြသည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က မြောက်ပိုင်း ဆစ်ကင်မ်ဒေသတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။ ဆစ်ကင်မ်ဒေသမှာ ဘူတန်နှင့် နီပေါ နိုင်ငံကြားရှိ အိန္ဒိယပြည်နယ်ဖြစ်ပြီး လာဒက်ဒေသ၏ အရှေ့ဘက် မိုင် ၁၅၀၀ အကွာတွင် တည်ရှိသည်။


အိန္ဒိယနိုင်ငံပိုင်နက်အတွင်း ဝင်ရောက်ရန်ကြိုးပမ်းခဲ့သည့် တရုတ်ကင်းလှည့်တပ်ဖွဲ့ကို တွန်းလှန်ခဲ့ ခြင်းဟု အိန္ဒိယအရာရှိများက ပြောသည်။ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ချိန်တွင် တုတ်နှင့်ကျောက်တုံးများ အသုံးပြုခဲ့သော်လည်း သေနတ်ပစ်ဖောက်ခဲ့ခြင်းမရှိဟု သတင်းများက ဖော်ပြသည်။


ယင်းဖြစ်ရပ်မှာ အသေးစားမတော်တဆမှုဖြစ်ပြီး ယခုအခါတွင် ဖြေရှင်းနိုင်ခဲ့ပြီဟု အိန္ဒိယစစ်တပ်က ပြောသည်။ သို့သော် တရုတ်ကင်းလှည့်တပ်ဖွဲ့ဘက်တွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်မှတ်တမ်းမရှိကြောင်း တရုတ်အစိုးရပိုင် Global Times သတင်းစာ၏ အယ်ဒီတာချုပ်က တွစ်တာပေါ်တွင် ရေးသားထားသည်။


ကမ္ဘာ့အရှည်လျားဆုံး ပိုင်ဆိုင်မှုအငြင်းပွားနေသည့် တရုတ်-အိန္ဒိယနယ်စပ်တွင် တင်းမာမှုများ မြင့်တက် လျက်ရှိပြီး နှစ်နိုင်ငံလုံးက ပိုင်နက်အများအပြားကို သူပိုင်၊ ကိုယ်ပိုင် အငြင်းပွားနေသည်။ ပြီးခဲ့သည့်နှစ် ဇွန်လက လာဒက်ဒေသတွင် နှစ်နိုင်ငံစစ်သည်များကြားတိုက်ပွဲဖြစ်ပွားခဲ့ရာ အနည်းဆုံး အိန္ဒိယစစ်သည် ၂၀ ဦး သေဆုံးခဲ့သည်။                                                                                      


  (KNT)






အခြားဆက်စပ်သတင်းများ