နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး

ရန်ကုန် ဇွန်  ၂၆

 မြန်မာနိုင်ငံတွင် ခေတ်မီဖွံဖြိုးတိုးတက်ချမ်းသာသည့်နိုင်ငံဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်တွင်းအရင်းအနှီးများ၊ သယံဇာတများ၊စွမ်းအင်များ၊ အရင်းအမြစ်များသာမက အတတ်ပညာရှင်၊ အသိ ပညာရှင်များနှင့်အခြေခံကျသည့် ကျွမ်းကျင်လုပ်သား၊ လူသားအရင်းအမြစ်များ အထူးပင်လိုအပ်သည်။      အရွယ်ရောက်သူတိုင်းကောင်းမွန်သည့်  လုပ်ငန်းခွင်သို့အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်လိုအပ် သည်။ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးခြင်းဖြင့် ပြည်သူလူထု၏လူနေမှုအဆင့်အတန်းမြှင့် တင် ပေးနိုင်မည်ဖြစ်သည်။

လူနေမှုအဆင့်အတန်းမြင့်မားလာသည်နှင့်ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုမည်ဖြစ်ပေသည်။ အာဆီယံလုပ်သားဈေးကွက်တွင် လူငယ်လူရွယ်များကို နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာမြှင့်တင်နိုင်မှသာ ကျွမ်းကျင်လုပ်သားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အပံ့ဖြစ်မည်ဖြစ်ပေသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသူနိုင်ငံသားများအား ပြည်တွင်းပြည်ပ၌ အလုပ် အကိုင်များတိုးတက်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိပေသည်။ သက်ဆိုင်ရာဌာနများက အလုပ်အကိုင် အခွင့်အလမ်း၊ အလုပ်သမားဈေးကွက်ဖွံ့ဖြိုး တိုးတက်လာရေးနှင့် အလုပ်သမားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်လာရေးအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာသင်တန်းများကို ပုဂ္ဂလိကနှင့်ဌာနဆိုင်ရာ များကပါ ပိုမိုပါဝင်‌ဆောင်ရွက်လျက်ရှိသည်။ သက်ဆိုင်ရာနယ်ပယ်များအလိုက် စံချိန်၊စံညွှန်းများနှင့်အညီ  လိုက်နာဆောင်ရွက်လျက်ရှိပေသည်။

 နိုင်ငံတစ်နိုင်ငံတွင် အဓိကလိုအပ်ချက်မှာ လူသားအရင်းအမြစ်အတတ်ပညာ၊ဓနအင်အား၊ သဘာဝ သယံဇာတတို့ဖြစ်သည်။ မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာများကို လေ့လာ သင်ယူလိုက်နာပြီး ကြိုးစားအားထုတ်ကာ အလုပ်လုပ်ကြရမည်ဖြစ်ပေသည်။ နိုင်ငံတိုင်းသည် မိမိနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကိုအဘက်ဘက်မှ အစွမ်းကုန်ကြိုးစားအားထုတ် ပြိုင်ဆိုင်မှုများနှင့်အတူနည်းပညာရပ်များ သည်လည်း အရှိန်အဟုန်နှင့်အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံစိန်ခေါ်မှုများရှိလာပြီဖြစ် ပေသည်။

သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် စံချိန်၊ စံညွှန်းများကိုလိုက်နာကျင့်သုံးလျက် ပညာရှင်များ၊  လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း ပါဝင်ဆောင်ရွက်ရန်လိုအပ်သည်။ အများပြည်သူအကျိုးကို ရှေးရှုလျက် အနာဂတ်နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်စေရေး လူသားစွမ်းရည်ပြည့်ဝသည့်လူမျိုးဖြစ်ရန် လက်ဆင့်ကမ်းစွမ်းဆောင်ကြိုးပမ်း ရွက်ဆောင်စေချင်ကြောင်း။        ။






အခြားဆက်စပ်သတင်းများ