နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်္ဂလာဒုံမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူ

ရန်ကုန်၊ ဇန်နဝါရီ  ၂၂

 ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ ဇန်နဝါရီ ၁၈ ရက်က COVID-19 ကာလအတွင်း ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များကို ဖောက်ဖျက်လျက် KTV ဆိုင် ဖွင့်လှစ်လုပ်ကိုင်နေသူများအား အရေးယူ ထားကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၈ ရက်၊ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်က မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့မြို့၊ ဧကရာဇ်ရပ်ကွက်ရှိ ဦးကျော်ဦး ပိုင်ဆိုင်သော "တော်ဝင်နန်း" KTV ဆိုင်သည် COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ဆိုင်ဖွင့်လှစ်လုပ်ကိုင်နေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ အဆိုပါ KTV ဆိုင်၌ ၎င်းရပ်ကွက်နေ ဆိုင်မန်နေဂျာ သန့်ဇင်ကို(ခ)သန့်ဇင်(၄၁)နှစ်၊ ဆိုင်ဝန်ထမ်း ကိုဖြိုးပါ ၂၃ ဦးနှင့် လာရောက်သီချင်းဆိုသူ မင်္ဂလာဒုံမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာနေ ရန်ပိုင်(၂၇)နှစ်ပါ ၂၂ ဦးတို့အား တွေ့ရှိရသဖြင့် ဆိုင်မန်နေဂျာ သန့်ဇင်ကို(ခ)သန့်ဇင်နှင့် ဦးကျော်ဦးတို့ ၂ ဦးအား ထောက်ကြန့် မြို့မရဲစခန်း(ပ)၁၂/၂၀၂၁၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့်လည်းကောင်း၊ ဆိုင်ဝန်ထမ်း ကိုဖြိုးပါ ၂၃ ဦးနှင့် လာရောက်သီချင်းဆိုသူ ရန်ပိုင်ပါ ၂၂ ဦး၊ စုစုပေါင်း ၄၅ ဦးတို့အား ထောက်ကြန့်မြို့မရဲစခန်း(ပ)၁၃/၂၀၂၁၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က)ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ