နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တပ်ကုန်းမြို့နယ်၌ တရားမဝင်စက်သုံးဆီဆိုင်များ ဖမ်းဆီးအရေးယူ

တပ်ကုန်း၊ ဇန်နဝါရီ  ၂၂

တပ်ကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၈ ရက်၊ ညနေ ၃ နာရီခွဲ အချိန်က တပ်ကုန်းမြို့၊ အနော်ရထာရပ်ကွက်၌ ၎င်းရပ်ကွက်နေ မောင်ကြည် (၇၀)နှစ်၏ တရားမဝင်စက်သုံးဆီအရောင်းဆိုင်အား ဝင်ရောက်စစ်ဆေးရာ DO CAN DO စာတမ်းပါ ဆီပန့်တစ်လုံး၊ 92 ဆီ ၁၀ ဂါလံ ထည့်ထားသည့် ပီပါတစ်လုံး၊ ဘတ္ထရီအိုးတစ်လုံး၊ လက်ရိုက်ပန့်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ (တန်ဖိုးငွေကျပ် ၂၁ သိန်းခန့်)အား လည်းကောင်း၊ အလားတူ မြလှိုင်(၃၄)နှစ်၏ တရားမဝင်စက်သုံးဆီအရောင်းဆိုင်အား ဝင်ရောက်စစ်ဆေးရာ DO CAN DO စာတမ်းပါ ဆီပန့် ၁ လုံး၊ 92 ဆီ ၁၅ ဂါလံ ထည့်ထားသည့် ပီပါတစ်လုံး၊ ဘတ္ထရီအိုးတစ်လုံး (တန်ဖိုးငွေကျပ် ၂၂ သိန်းခန့်)အားလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် မောင်ကြည်နှင့် မြလှိုင်တို့ ၂ ဦးအား တပ်ကုန်းမြို့မရဲစခန်း (ပ)၂၃၊၂၄/၂၀၂၁၊ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ