နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယဉ်ကျေးမှုအမွေ

ရန်ကုန် ဇွန်  ၂၅


 မြန်မာနိုင်ငံအတွင်းသဘာဝက ဖန်တီးပေးထားသည့် ရေ၊မြေ၊နယ်နိမိတ်၊ကြန်အင်လက္ခဏာ၊ သွင်ပြင် ပုံပန်းဆိုင်ရာ လူနေမှုဓလေ့ထုံးစံ၊ ဆင်ယင်ထုံးဖွဲ့မှု၊ ပန်းချီ၊ ပန်းပု၊ အဆို၊ အကကိုးကွယ်သည့် ဘာသာအယူဝါဒ နှင့်အရေး၊အသား၊အတွေးအခေါ်များရှိသည့်အတွက် မိမိတို့နှင့်ဆီလျော်သော ယဉ်ကျေးမှုများသည် တစ်သီး တစ်ခြားရပ်တည်လာခဲ့သည်မှာ ရှေးစဉ်အဆက်ကပင်ဖြစ်သည်။ ယဉ်ကျေးမှုအစဉ်အလာကြီးမားသော ထိုယဉ်ကျေးမှုကို ကောင်းစွာထိန်းသိမ်းစောင့်ရှောက်နိုင်သော နိုင်ငံသားများ၏ အားမာန်သည် နိုင်ငံဂုဏ်သရေ ထည်ဝါခံ့ညားပေသည်။ ထိုယဉ်ကျေးမှုသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံမတူညီနိုင်ပါ။ ရာသီဥတုအခြေအနေ၊ ပထဝီအနေအထားအရ ပြောင်းလဲတတ်သည့်သဘောရှိသည်။

နိုင်ငံတစ်နိုင်ငံလူမျိုးတစ်မျိုး   တည်တံ့ရေးသည် ယဉ်ကျေးမှုဟူသော မဏ္ဏိုင်တွင်များစွာမူတည်ပေသည်။ ထိန်းသိမ်း သင့်သည့်ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းပြီး ပြောင်းလဲသင့်သည့်  ယဉ်ကျေးမှုကိုပြောင်းလဲပစ်ရမည်။  ကိုင်တွယ်ထိတွေ့၍မရသည့် ရှေးဟောင်းအစဉ်အလာနှင့် အသုံးအဆောင်ဒြပ်မဲ့ပစ္စည်းများမှာလည်း ယဉ်ကျေးမှုအမွေအနှစ်များဖြစ်၍ ထိန်းသိမ်းစောင့်ရှောက်ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ၂၂၈၉ ခုကို မှတ်ပုံတင်စာရင်းသွင်းမှတ်ပုံတင်ထားသည်။ ကျွန်ုပ်တို့ မြန်မာလူမျိုးများတွင် အခြားလူမျိုးများထက် ထူးခြားမွန်မြတ်သော ရိုးရာယဉ်ကျေးမှုများစွာရှိပါ သည်။ မြန်မာတို့သည် ယဉ်ကျေးကြသည်။ သိမ်မွေ့ကြသည်။

ဘာသာတရားကိုင်းရှိုင်းကြသည် သူတစ်ပါးပေါ် တွင် စေတနာထားသည်။ ကူညီတတ်ကြသည်။ အားနာတတ်ကြသည်။ ဤကဲ့သို့ထူးခြားမှုများကြောင့် ကမ္ဘာ တွင် ထူးခြားသောနိုင်ငံအဖြစ်ထင်ပေါ်လာသည်။ ကမ္ဘာ့ရွာကြီးအတွင်း သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး  နည်းပညာအရ လျင်မြန်စွာပြောင်းလဲတိုးတက်လျက်ရှိသည်။ ယင်းပြောင်းလဲမှုတွင် မိမိတို့အမျိုးသား ယဉ်ကျေးမှုနှင့်မဆီလျော်မအပ်စပ်သည့် ပြောင်းလဲခြင်းမျိုးမဖြစ်စေရန်အထူးအသိပြုကြရမည်ဖြစ် သည်။     အဖိုးထိုက်တန်သည့် အမွေအနှစ်ယဉ်ကျေးမှုကို မတိမ်ကောမပျောက်ပျက်အောင် ထိန်းသိမ်းကြရမည် ဖြစ်သည်။ မိမိတို့နိုင်ငံတွင် ယဉ်ကျေးမှုအမွေအနှစ်များပေါများသောနိုင်ငံဖြစ်ရာ မိမိတို့၏ယဉ်ကျေးမှုကို ကိုယ်တိုင် မထိန်းသိမ်းမစောင့်ရှောက်နိုင်ပါက ယဉ်ကျေးမှုကွယ်ပျောက်၍ တိုင်းပြည်ပါကွယ်ပျောက်သွားမည် ဖြစ်သည်။

ရိုးရာယဉ်ကျေးမှုအစဉ်အလာများ မပျောက်ပျက်စေရန် ရေရှည်တည်တံ့နိုင်ရန် နိုင်ငံသားတိုင်း တာဝန်ဖြစ်သည်။ သို့ဖြစ်ရာဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပေါများသော မြန်မာနိုင်ငံတွင်ဖြစ်ထွန်းတည် ရှိခဲ့သော ရှေးဟောင်းအမွေအနှစ်များခိုင်မြဲစွာတည်ရှိစေရေးအတွက် ကျွန်ုပ်တို့မြန်မာလူမျိုးတို့အတွက် အရေးကြီးဆုံးဖြစ်သော ယဉ်ကျေးမှုဟူသော မဏ္ဏိုင်ကြီးမပျောက်ပျက်အောင် ထိန်းသိမ်းခြင်းသည် ဂုဏ်ယူ ဝင့်ကြွားဖွယ် နိုင်ငံနှင့်လူမျိုးဖြစ်ရေးကို အထောက်အကူပြုသည်ဟုဆိုချင်ပါကြောင်း။       ။






အခြားဆက်စပ်သတင်းများ