နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာချီလိတ်မြို့နှင့် ပုသိမ်ကြီးမြို့နယ် တို့တွင် စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိ

တာချီလိတ်၊ ဇန်နဝါရီ  ၂၅


 ဇန်နဝါရီ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်တွင် လော်ဘာမောင်းနှင်ပြီး မအားထွန့် လိုက်ပါလာသည့် မော်တော် ဆိုင်ကယ်နှင့် အားတု မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ အားတု မောင်းနှင်လာသည့် ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် အားတု(၁၉)နှစ်၊ လော်ဘာ(၃၅)နှစ်၊ မအားထွန့်(၂၂)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဇန်နဝါရီ ၂၃ ရက်၊ ည ၁၀ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ (၁၆)မိုင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် AD VAN အမျိုးအစားခရီးသည်တင်မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ခရီးသည် မသင်းသင်းမာထံမှ ဘိန်းဖြူ ၀ ဒသမ ၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ပြားနှင့် မဇော်ဂျီမြင့်ထံမှ ဘိန်းဖြူ ၀ ဒသမ ၀၉ ကီလိုတို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် မသင်းသင်းမာ(၂၈)နှစ်၊ မဇော်ဂျီမြင့်(၂၆)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိၕသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ