နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒလမြို့နယ်တွင် ခွေးကိုက်၍ တုတ်ဖြင့်ရိုက်ရာမှ လူသတ်မူဖြစ်ပွား

ရန်ကုန် ဇန်နဝါရီ ၂၅


   ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ဒလမြို့နယ်တွင် ခွေးကိုက်၍ တုတ်ဖြင့်ရိုက်ရာမှ လူသတ်မူ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာဇန်နဝါရီလ(၂၄)ရက်၊ မွန်းလွဲ (၁)နာရီခွဲအချိန်တွင်ဒလမြို့နယ်၊မှော်စက်ရပ်ကွက်၊ ရာဇသင်္ကြန် လမ်း၊ အောင်ကိုဦး၏ နေအိမ်တွင်၊လူသတ်မူဖြစ်ပွားကြောင်း သတင်းအရ ဒလမြို့နယ်မြို့မရဲတပ်ဖွဲ့စခန်းမှခေတ္တစခန်းမှူး ရဲအုပ်ဇော်မိုးနှင့်ရဲတပ်ဖွဲ့ဝင်များသည် ရဲတပ်ဖွဲ့ဝင်များ၊ သက်သေလူကြီးများနှင့်အတူ မူခင်းဖြစ် ပွားသည့်နေရာသို့ သွားရောက်စစ်ဆေးရာ အောင်ကိုဦး၏ဇနီးဖြစ်သူ မခင်စိုးနွယ်သည် ရင်ဘတ်ထိုးသွင်း ဒဏ်ရာနှစ်ချက်၊  ဝဲလက်ကောက်ပြတ်ရှဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့သည်။ စစ်ဆေးမေးမြန်းမူများအရ၊ဇော်ထူး(၃၅)နှစ်(ဘ)ဦးမြင့်သန်း(မှော်စက်ရပ်ကွက်၊ရာဇသင်္ကြန်လမ်း)နေသူသည် အောင်ကိုဦး၏၊နေအိမ်ပေါ်သို့ တက်ရောက်ကာအောင်ကိုဦး၏ဇနီးဖြစ်သူ မခင်စိုးနွယ်ကို အရိုးအသွား(၉)လက်မရှိ စတီးဓားဖြင့် ထိုးနှက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇန်နဝါရီလ ၂၃ ရက်ညပိုင်းက အောင်ကိုဦးကို ဇော်ထူးမွေးမြူထားသည့်ခွေးကလိုက်ကိုက်ခဲ့၍ အောင်ကိုဦးက တုတ်ဖြင့်ရိုက်နှက်သည်ကို ဇော်ထူးကကျေနပ်မူမရှိ၍မခင်စိုးနွယ်ကို လာရောက်ပြောဆိုရာမှနှစ်ဖက်စကားများဆဲဆိုကြပြီး ဇော်ထူးက မခင်စိုးနွယ်ကို ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ မခင်စိုးနွယ်၏ ရုပ်အလောင်းကို ဒလမြို့နယ်၊ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဒုတိယ မြို့နယ်ဆရာဝန် ဒေါက်တာထင်ရှားအောင်က PRအမှတ်(၃/၂၀၂၁)ဖြင့် လက်ခံထားရှိထားကြောင်းနှင့် ဇော်ထူးကို ဒလမြို့မရဲတပ်ဖွဲ့စခန်းမှ (ပ)၃၅/၂၀၂၁၊ရာဇသတ်ကြီးပုဒ်မ-၃၀၂ဖြင့် အမူဖွင့်ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။

       မောင်ယဉ်ဦး(ဒလ)






အခြားဆက်စပ်သတင်းများ