နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Mobile Legends World ချန်ပီယံရှစ် ဂိမ်းပြိုင်ပွဲ Grand final တွင် မြန်မာကိုယ်စားပြု Burmese Ghouls အသင်း ဒုတိယရရှိ

ဇန်နဝါရီ ၂၅


စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူလက်ခံကျင်းပသည့် အရှေ့တောင်အာရှ ၏ လူကြိုက်အများဆုံး Esports ဂိမ်း အမျိုးအစားများမှ တစ်ခုဖြစ်သည့် Mobile Legends: Bang Bang ၏ အဆင့်အမြင့်ဆုံးပြိုင်ပွဲ ဖြစ်သည့် Mobile Legends World Championship M2 Esport ဂိမ်းပြိုင်ပွဲကို ဇန်နဝါရီ ၂၄ ရက်က ကျင်းပရာ မြန်မာကိုယ်စားပြု Burmese Ghouls အသင်းရှုံးနိမ့်သွားခဲ့သည်။ အဆိုပါဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls အသင်းက ပြိုင်ဘက်အသင်းများအား အဆင့်ဆင့် ကျော်ဖြတ်ကာ Grand Final ၌ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု Bren Esports အသင်းနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ နောက်ဆုံးပွဲစဉ်တွင် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် ပွဲစဉ်ပေါင်းခုနစ်ပွဲ ယှဉ်ပြိုင် ကစာခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls အသင်းက ပထမနှစ်ပွဲတွင် ရှုံးနိမ့်ကာ သုံးပွဲဆက်ပြန်လည် အနိုင်ရ ရှိပြီးမှ နောက်ဆုံးနှစ်ပွဲဆက် ပြန်ရှုံးသွားသဖြင့် ဖိလစ်ပိုင် နိုင်ငံကိုယ်စားပြု Bren Esports အသင်းက လေးပွဲ-သုံးပွဲဖြင့်နိုင်ကာ ဗိုလ်စွဲသွား ခဲ့ခြင်းဖြစ်သည်။ အဆိုပါ Mobile Legends World ချန်ပီယံရှစ်ပြိုင်ပွဲကြီးကို နိုင်ငံပေါင်း ကိုးနိုင်ငံမှ အသင်းပေါင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။                                                                                        


AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ