နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Realme က ဈေးနှုန်းသက်သာသည့် Realme C20 စမတ်ဖုန်းကိုကြေညာ

ဇန်နဝါရီ ၂၅


Realme က ဈေးနှုန်းသက်သာသည့် C စီးရီးဖုန်းသစ်တစ်လုံးဖြစ်သည့် Realme C20 ကိုကြေညာလာသည်။

Realme C20 မှာ ၆ ဒသမ ၅လက်မ LCD HD+ ရုပ်ထွက်သုံးထားပြီးWaterdrop Notch မှာရှေ့ကင်မရာ 5MP ထည့်သွင်းထားသည်။

Realme C20 မှာHelio G35 Chipset ၊ များပြားသည့် ဘက်ထရီနှင့် ကျောဘက်ကင်မရာတစ်လုံးတို့ ပါဝင် သည်။

ကျောဘက်မှာ 8MP ကင်မရာနှင့် LED Flash တို့ ပါဝင်ပြီးဖုန်းအောက်ဘက်မှာစတီရီယိုစပီကာ၊ နားကြပ် ပေါက်၊ မိုက်ခရိုဖုန်း၊ micro USB တို့ ပါဝင်သည်။ဘက်ထရီ 5000 mAh ၊ Android 10 ၊ RAM2GB ၊ Storage 32GB ပါဝင်ပြီးmicroSDမှတဆင့် ထပ်တိုးနိုင်မည်ဖြစ်သည်။

Realme C20 ကိုအပြာရောင်၊ အနက်ရောင်တို့ဖြင့် ရွေးချယ်နိုင်ပြီးဈေးနှုန်းအနေဖြင့် ၁၀၅ ဒေါ်လာသတ်မှတ် ထားကြောင်းသိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ