နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားစီမံခန့်ခွဲမှုကော်မတီမှ ကျောက်ပန်းတောင်းမြို့နယ် ဂဲမိုးအိုင်နှင့်မြောက်ကျောက်အိုးသို့ ကွင်းဆင်းကြည့်ရှု

ကျောက်ပန်းတောင်း    ဇန်နဝါရီ  ၂၅


မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကန်ပတ်လည်အုပ်စု၊ လဲဂွ ကျေးရွာနှင့် လက်ပံအိုင့်အုပ်စု ၊လက်ပံအိုင့်ကျေးရွာကြားရှိ ဂဲမိုးအိုင်နှင့် မြောက်ကျောက်အိုးနေရာများသို့ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအလွန်ခရီးစဉ်ဒေသသစ်ဖော်ဆောင်နိုင်ရေး ဒေသခံများအလုပ်အကိုင်နှင့် အခွင့်အလမ်းသစ်များပေါ်ထွန်းစေရေး ရည်ရွယ်လျက် ဇန်နဝါရီ  ၂၄ရက်နေ့ ၊ နေ့လယ် ၂ နာရီအချိန်က ခရီးစဉ်ဒေသသစ်ဖော်ဆောင်မည့် ဂဲမိုးအိုင်နှင့်မြောက်ကျောက်အိုးနေရာများသို့ ကွင်းဆင်းသွား ရောက်ခဲ့ကြောင်း ညောင်ဦးခရိုင်  ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဦးဝင်းအောင် (ဒုတိယ ညွှန်ကြားရေးမှူး)ထံက သိရသည်။

ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်း ခရီးစဉ်ဒေသသစ်ဖော်ဆောင် နိုင်ရေးအတွက် လဲဂွကျေးရွာ နှင့်လက်ပံအိုင့်ကျေးရွာအနီးရှိ ဂဲမိုးအိုင်၊ မြောက်ကျောက်အိုးနေရာများ ခရီးစဉ်ဒေသဖြစ်ပေါ်လာစေရေး အတွက် မန္တလေးတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဦးဇော်မျိုးလတ် နှင့် တာဝန်ရှိသူများသည် လဲဂွကျေးရွာမြောက်ကျောင်းတိုက်တွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပရိုဂျက်တာ Power Point ဖြင့် ရပ်ရွာအခြေပြုခရီးစဉ်ဖော်ဆောင်ခဲ့သည့်ဒေသများ၊ ဖော်ဆောင်ဆဲနေရာ များကို မန္တလေးတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားစီမံခန့်ခွဲမှုကော်မတီ၊အတွင်းရေးမှူးဦးဇော်မျိုးလတ် (ညွှန်ကြားရေးမှူး)ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ရှင်းပြပြီး ၊ညောင်ဦးခရိုင် ခရီးစဉ်ဒေသစီမံ ခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဦးဝင်းအောင်(ဒုတိယညွှန်ကြားရေးမှူး)၊ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုး ဦးစီးဌာနက ညောင်ဦးခရိုင်းအတွင်း ခရီးစဉ်ဒေသသစ်ဖော်ဆောင်ထားဆဲနေရာများကို ရှင်းလင်းဆွေးနွေးသည်။ မန္တလေးတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားစီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူးဦးဇော်မျိုးလတ်(ညွှန်ကြား ရေးမှူး)ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် တာဝန်ရှိသူများသည် ဂဲမိုးအိုင်နှင့်မြောက်ကျောက်အိုးနေရာများကို ကွင်းဆင်းကြည့်ရှုကာ  တောတောင်၊ရေ ၊မြေ ၊ပတ်ဝန်းကျင်သဘာဝအလှအပများ မပျက်စီးစေရေးနှင့်ဂဲမိုးအိုင်လျှိုမြောင်တစ်လျှောက်ကြည့်ရှုခဲ့ကြောင်း ဦးမျိုးမင်းအောင်၊လက်ထောက်ညွှန်ကြားရေးမှူး ၊ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံက သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ခရီးစဉ်ဒေသသစ်ဖော်ဆောင်နိုင်ရန် ဂဲမိုးအိုင်နှင့် မြောက်ကျောက်အိုး သို့ကွင်းဆင်းကြည့်ရှု့ကြရာ မန္တလေးတိုင်းဒေသကြီး၊ဒေသဆိုင်ရာ ခရီးသွားစီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး ဦးဇော်မျိုးလတ်(ညွှန်ကြားရေးမှူး)နှင့်အတူ ညောင်ဦးခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး  ဦးဝင်းအောင်(ဒုတိ ယညွှန်ကြားရေးမှူး)နှင့်ဝန်ထမ်းများ၊ Bagan Plastic Campaign ဥက္ကဌနှင့်အတွင်းရေး မှူး၊ ပုဂံ-ညောင်ဦးဟိုတယ်လုပ်ငန်းရှင်များအသင်း ၊ပုဂံ-ညောင်ဦး စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းတို့ လိုက်ပါခဲ့ကြောင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလမ်းညွှန်ချက်များနှင့်အညီ ဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း   သိရသည်။

ဒေါ်မျိုး(ပြန်ဆက်)၊ကိုထိန်၊KPD






အခြားဆက်စပ်သတင်းများ