နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်ဖက်ရည်ဆိုင်နှင့်စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချ

ရွှေပြည်သာမြို့နယ်တွင် COVID-19 ရောဂါအန္တရာယ်ကို ကြိုတင်ကာကွယ်ထိန်းချုပ်မှုအနေဖြင့် မြို့နယ် စည်ပင်သာယာရေးကော်မတီက လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား ဆိုင်ခန်းအတွင်း လူစုလူဝေး နှင့် ထိုင်၍တည်ခင်းမရောင်းချဘဲ ပါဆယ်ထုပ်စနစ်ဖြင့်သာ ရောင်းချပေးဖို့ မေတ္တာရပ်ခံချက်အရ မတ် ၃၀ ရက်က စပြီး ရောင်းချနေကြောင်း အမှတ် ၅ ရပ်ကွက်ရှိ စည်းစိမ်ရှင်ဆိုင်မှ သိရသည်။ ပုံမှန်ရောင်းအားအောက် သုံးပုံတစ်ပုံလောက်ပဲ ရောင်းရတယ်၊ ရောင်းအားသိသိသာသာ ကျသွားတယ်၊ ရောဂါ ကပ်ဆိုတော့ ကိုယ့်စီးပွားရေးထက် အများပြည်သူတွေရဲ့ အန္တရာယ်ကိုလည်း ကြည့်ရတယ်လေ။ ဒီလိုရောင်းချဖို့ မြို့နယ်စည်ပင်ကစာနှင့် အကြောင်းကြားလာတာပါ၊ ဘယ်တော့ပုံမှန်အတိုင်း ပြန်ရောင်းချရမယ်ဆိုတာတော့ မရှိပါဘူး၊ အချို့ဆိုင်တွေတော့ လိုက်ပါဆောင်ရွက်မှုမရှိသေးကြောင်း အရောင်းငွေသိမ်းစာရေးက ပြောသည်။ မြင့်သန်းကြည်(ရွှေပြည်သာ)






အခြားဆက်စပ်သတင်းများ