နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများဖမ်းဆီးအရေးယူ

ရန်ကုန် ဇန်နဝါရီ  ၂၅

 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့်မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီး ခြင်းဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၂၄ ရက်၊ ညနေ ၄ နာရီအချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် (၂၄)ရပ်ကွက်၊ မြရိပ်ညိုလမ်းမပေါ်၌ ကိုကိုဝင်းထံမှ အရိုးအသွား (၇)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၇ နာရီ ၁၀ မိနစ်အချိန်တွင် (၁၀၅)ရပ်ကွက်၊ ရိုးမရိပ်သာလမ်းမပေါ်၌ ကိုကိုနိုင်ထံမှ အရိုးအသွား (၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီ ၁၀ မိနဟ်အချိန်တွင် (၁၈)ရပ်ကွက်၊ ကင်းဝန်မင်းကြီး(၂)လမ်းမပေါ်၌ အောင်ဖြိုးပိုင်ထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန် ဓားတစ်ချောင်းနှင့်ကိုလည်းကောင်း ည ၈ နာရီအချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် (၇၁)ရပ်ကွက်၊ အနော်ရထာလမ်းမကြီးပေါ်၌ သူရအောင်(ခ)ဆံရှည်ထံမှ အရိုးအသွား (၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းကို သိမ်းဆည်းရမိခဲ့၍ ၎င်းအား အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

 ဆွေဦး






အခြားဆက်စပ်သတင်းများ