နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစ္စရေးနိုင်ငံတွင် ကျောင်းသား/ကျောင်းသူများ စာမေးပွဲဖြေနိုင်ရန် ကာကွယ်ဆေး စတင်ထိုးနှံပေး

ဂျေရုစလင်  ဇန်နဝါရီ  ၂၅


အစ္စရေးနိုင်ငံတွင် ကျောင်းသား/ကျောင်းသူများ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် အသက် ၁၆ နှစ်မှ ၁၈ နှစ်ကြား အရွယ်ရှိသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးလျက်ရှိသည်။  အစ္စရေးနိုင်ငံတွင် လူဦးရေ ၉ သန်းရှိသည့်အနက် လေးပုံ၊ တစ်ပုံကျော်မှာ ဒီဇင်ဘာလ ၁၉ ရက်နောက်ပိုင်း အနည်းဆုံး  Pfizer ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံခဲ့ပြီးဖြစ်ကြောင်း အစ္စရေးနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။


သက်ကြီးရွယ်အိုများနှင့် ရောဂါကူးစက်ခံရနိုင်ခြေများသူများကို ဦးစားပေးထိုးနှံပေးခြင်းဖြစ်သော်လည်း ယခုအခါတွင် အသက် ၄၀ နှင့်အထက်ရှိသူများလည်း ကာကွယ်ဆေးထိုးနှံခွင့်ရပြီဖြစ်သည်။


အစ္စရေးနိုင်ငံမှာ လာမည့်ဖေဖော်ဝါရီလတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် မျှော်လင့်လျက်ရှိသည်။ အသက် ၁၆ နှစ်မှ ၁၈ နှစ်ကြားအရွယ်ရှိသူများကို မိဘခွင့်ပြုချက်ဖြင့် ကာကွယ်ဆေးထိုးနှံခွင့်ပေးခြင်းကြောင့် ယင်းတို့အနေဖြင့် ကျောင်းပြန်တက်နိုင်ပြီး စာမေးပွဲများကို အစီအစဉ်တကျ ကျင်းပနိုင်တော့မည်ဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ အထက်တန်းကျောင်း စာသင်နှစ်အကုန်တွင် ဖြေဆိုရသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများမှာ အစ္စရေးကျောင်းသား/ကျောင်းသူများအတွက် တက္ကသိုလ် တက်ခွင့် အဆုံးအဖြတ်ဖြစ်ပြီး စစ်မှုထမ်းခွင့်အပေါ်သက်ရောက်မှုရှိစေသည်။


ကျောင်းသား/သူများကို ကာကွယ်ဆေးထိုးနှံပေးနေပြီဖြစ်သော်လည်း လာမည့်လတွင်ကျောင်းများ ပြန်ဖွင့်နိုင်မည် ဟုတ်၊ မဟုတ်ဆိုခြင်းကို အတိအကျပြောရန် စောလွန်းနေသေးကြောင်း ပညာရေး ဝန်ကြီးဌာနက ပြောသည်။ အစ္စရေးနိုင်ငံမှာ ကမ္ဘာပေါ်တွင် ကာကွယ်ဆေးထိုးနှံမှုစီမံကိန်း အမြန်ဆုံး နိုင်ငံဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အကုန်ကတည်းက လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့သည်။


(KNT)






အခြားဆက်စပ်သတင်းများ