ဆစ်ဒနီ ဇန်နဝါရီ ၂၅
သြစတြေးလျနိုင်ငံတွင် ၁၈ ရက်ကြာ ပျောက်ဆုံးနေခဲ့စဉ်အတွင်း ဆည်ရေသောက်ကာ မှိုများကို စားသုံးပြီး အသက်ရှင်ခဲ့သည့် အမျိုးသားကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ အသက် ၅၈ နှစ်ရှိသည့် ရောဘတ်ဝက်ဘာမှာ ဇန်နဝါရီလ ၆ ရက်က ယင်း၏ခွေးနှင့်အတူ ကီလ်ကီဗန်မြို့ရှိ ဟိုတယ်မှ ထွက်သွားပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်သည်။ မြေသားလမ်းတွင် ယင်း၏ကားရွံ့နစ်ခဲ့ခြင်းကြောင့် ရောဘတ်ဝက်ဘာ၏ကား အခက်တွေ့ခဲ့သည်။
ကွင်းစ်လန်းပြည်နယ်တစ်ဝန်းတွင် ရောဘတ်ဝက်ဘာကို လိုက်လံရှာဖွေခဲ့ရာ ရက်သတ္တနှစ်ပတ်ကျော်အထိ ရှာမတွေ့ခြင်းကြောင့် ယခုရက်သတ္တပတ်အတွင်း ရှာဖွေရေးလုပ်ငန်းကို ရပ်နားခဲ့သည်။ သို့သော် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဆည်တစ်ခုအနီးတွင် မြေပိုင်ရှင်က ရောဘတ်ဝက်ဘာကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ရောဘတ်ဝက်ဘာမှာ ကားထဲတွင် သုံးရက်ကြာနေခဲ့ပြီးနောက် သောက်ရေကုန်သွားချိန်မှာ ခြေလျင်ခရီးနှင်ခဲ့ရာ လမ်းပျောက်သွားခဲ့သည်။ သို့သော် ဆည်အနီးတွင်နေထိုင်ခဲ့ပြီး ဆည်ရေသောက်၊ မှိုရှာစားကာ အသက်ရှင်ခဲ့ခြင်းဖြစ်သည်။ ရောဘတ်ဝက်ဘာမှာ ရာသီဥတုဒဏ်ခံစားခဲ့ရသော်လည်း ဘေးကင်းလုံခြုံပြီး ကျန်းကျန်းမာမာရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
(KNT)