နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်စစ်လေယာဉ်များ ပိုင်နက်ကျူးကျော်ခဲ့သည်ဟု တရုတ် (တိုင်ပေ) ဆို

တိုင်ပင်  ဇန်နဝါရီ  ၂၅


တရုတ်စစ်လေယာဉ်များက နှစ်ရက်ဆက်တိုက် အကြီးအကျယ်ကျူးကျော်ခဲ့ကြသည်ဟု တရုတ် (တိုင်ပေ)ကပြောသည်။ အမေရိကန်သမ္မတသစ်အဖြစ် ဂျိုးဘိုင်ဒင်စတင်တာဝန်ယူသည့်နေ့တွင် တရုတ်နိုင်ငံက ယခုကဲ့သို့ အင်အားပြခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီလ ၂၅ ရက်က အင်အားပြသမှုတွင် စစ်လေယာဉ် ၁၅ စင်း ပါဝင်ခဲ့သည်။ အဆိုပါအင်အားပြသမှု မတိုင်မီ တစ်ရက်အလိုကလည်း အလားတူစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ရာ အမေရိကန်နိုင်ငံက သတိပေးခဲ့ သည်။


တရုတ်နိုင်ငံ၏ စစ်လေယာဉ် ၁၅ စင်းအနက် ၈ စင်းမှာ နျူကလီးယားလက်နက်များ တင်ဆောင်နိုင်သည့် ဗုံးကြဲလေယာဉ်များဖြစ်ပြီး တိုက်လေယာဉ်လေးစင်း၊ ရေငုပ်သင်္ဘောဖျက်လေယာဉ်တစ်စင်းပါဝင်ကြောင်း တရုတ် (တိုင်ပေ) ကာကွယ်ဆေးဝန်ကြီးဌာနက ပြောသည်။


တရုတ်နိုင်ငံက တရုတ်(တိုင်ပေ)ကိုခွဲထွက်ထားသည့် ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်သော်လည်း တရုတ်(တိုင်ပေ)က ကိုယ်ပိုင်အချုပ်အခြာနိုင်ငံတစ်နိုင်ငံအဖြစ် ခံယူထားသည်။ အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒင်က တရုတ် (တိုင်ပေ)အပေါ် မည်မျှထောက်ခံကြောင်းသိရရန် တရုတ်နိုင်ငံက စမ်းသပ်နေခြင်း ဖြစ်သည်ဟု နိုင်ငံရေးသုတေသီများက ပြောသည်။ တရုတ်နိုင်ငံမှာ ပြီးခဲ့သည့်လများအတွင်း တရုတ်(တိုင်ပေ) တောင်ပိုင်းဒေသနှင့် တောင်တရုတ်ပင်လယ်အတွင်းရှိ ပရာတက်စ်ကျွန်း ( တရုတ်(တိုင်ပေ)က ထိန်းချုပ်ထား)ကြား ရေပိုင်နက်တွင် ပုံမှန်ပျံသန်းလေ့ရှိသည်။                                                                                


(KNT)






အခြားဆက်စပ်သတင်းများ