နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်၊ ဇန်နဝါရီ  ၂၄


 ဇန်နဝါရီ ၂၃ ရက်နေ့ ၁၃၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၅)ရပ်ကွက်တွင် မသင်္ကာဖွယ်တွေ့ရှိသူ နိုင်လင်းထွန်း(ခ) ဘာဘူ အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန် ၎င်းနေထိုင်သည့် အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၅/၄၅၃-ခ)၊ အခန်း(၇)သို့ ဝင်ရောက် ရှာဖွေရာ အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ပြား၊ ဆေးခြောက် ၀ ဒသမ ၀၁၂ ကီလို၊ အိုက်စ် ၀ ဒသမ ၀၅ ကီလိုနှင့် ဘိန်းဖြူ ၀ ဒသမ ၀၈၆ ကီလိုတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ပါသည်။ 

ကွင်းဆက်သတင်းအရ ညနေ ၃ နာရီ ၄၀ မိနစ်အချိန်တွင် အဆိုပါနေအိမ်ရှေ့သို့ ရောက်ရှိလာသည့် ဣန္ဒဟန်(ခ)ဣန္ဒ မောင်းနှင် လာသော MARK II အမျိုးအစားမော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၆,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် နိုင်လင်းထွန်း(ခ)ဘာဘူ(၂၈)နှစ်၊ ဣန္ဒဟန်(ခ)ဣန္ဒ (၂၉)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ