နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မော်လမြိုင်မြို့တွင် ငွေကျပ် ၃၀,၂၅၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

မော်လမြိုင်၊ ဇန်နဝါရီ  ၂၄


ဇန်နဝါရီ ၂၃ ရက်၊ နံနက် ၉ နာရီအချိန် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်ကွက်၊ မြို့မတံတားအနီး၌ အောင်ထွန်းဝင်း(ခ)အာရှင်း မောင်းနှင်လာသော TOYOTA HILUX SURF အမျိုးအစားမော်တော်ယာဉ်နှင့်အတူ အာမင်မောင်းနှင်ပြီး အောင်ဝင်းနှင့် မစုစုခိုင် တို့ လိုက်ပါလာသည့် TOYOTA HILUX VIGO အမျိုးအစားမော်တော်ယာဉ်တို့အား ရပ်တန့် စစ်ဆေးရှာဖွေရာ အောင်ထွန်းဝင်း(ခ)အာရှင်း မောင်းနှင်လာသော မော်တော်ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၄,၅၀၀ ပြား သိမ်းဆည်းရမိခဲ့ပါသည်။ 

အဆိုပါ သိမ်းဆည်းရမိ စိတ်ကြွဆေးပြားများနှင့်အတူ အောင်ထွန်းဝင်း(ခ)အာရှင်း(၄၀)နှစ်၊ အာမင်(၂၈)နှစ်၊ အောင်ဝင်း(၂၁)နှစ်၊ မစုစုခိုင်(၃၇)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ