နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြစ်ကြီးနားမြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မြစ်ကြီးနား၊ ဇန်နဝါရီ  ၂၄


 ဇန်နဝါရီ ၂၂ ရက်၊ ညနေ ၅ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာအနီး၊  မြစ်ကြီးနား-နမ္မတီးသွားကားလမ်းတွင် မညွန့်ခင်(ခ)ရှမ်းမ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားရှိ ဆာလာအိတ် အတွင်းမှ ဘိန်းဖြူ ၀ ဒသမ ၉၉ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် မညွန့်ခင်(ခ)ရှမ်းမ(၅၁)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဇန်နဝါရီ ၂၃ ရက်၊ နံနက် ၁၁ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်နေ မခေါန်တောင်၏နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ နေအိမ်အနောက်ဘက်ရှိ စပါးကျီအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၄၅ ပြားနှင့် ဘိန်းဖြူ ၀ ဒသမ ၅ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ သဖြင့် မခေါန်တောင်(၄၇)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ