နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့အလိုအရှိဆုံး တရားခံပြေးတစ်ဦးဖြစ်သည့် မူးယစ်ရာဇာကို ဖမ်းဆီးရမိ

အမ်စတာဒမ်၊ ဇန်နဝါရီ ၂၄


သြစတြေးလျနိုင်ငံက ဖမ်းဆီးမိန့်ထုတ်ပြန်ထားသည့် ကမ္ဘာ့အကြီးမားဆုံး မူးယစ်ဆေးဝါးဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ကို နယ်သာလန်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ တရုတ်နိုင်ငံဖွား ကနေဒါနိုင်ငံသား တီချီလော့မှာ အာရှတိုက်တစ်ဝန်းရှိ အမေရိကန်ဒေါ်လာ ၇၀ ဘီလျံ တန်ကြေးရှိသည့် တရားမဝင် မူးယစ်ဆေးဝါးဈေးကွက်ကို လွှမ်းမိုးထားသည့် The Company မူးယစ်ဆေးဝါးဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သည်ဟု ဆိုသည်။ 

ကမ္ဘာပေါ်တွင် အလိုအရှိဆုံး တရားခံပြေးတစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် တီချီလော့မှာ အမ်စတာဒမ်မြို့ရှိ ရှီပိုးလ်လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ တီချီလော့ကို သြစတြေးလျနိုင်ငံတွင် ရုံးတင် စစ်ဆေးရန်အတွက် လွှဲပြောင်းပေးအပ်ရန် သြစတြေးလျအစိုးရက တောင်းဆိုထားသည်။ 

Sam Gor Syndicate ဟုလည်း ခေါ်ဆိုသည့် The Company မူးယစ်ဆေးဝါးဂိုဏ်းမှာ သြစတြေးလျနိုင်ငံသို့ တရားမဝင် မူးယစ်ဆေးဝါးတင်ပို့မှု ၇၀ ရာခိုင်နှုန်းနှင့် ဆက်နွှယ်နေကြောင်း သြစတြေးလျပြည်ထောင်စု ရဲတပ်ဖွဲ့က ယုံကြည်နေသည်။ 

အသက် ၅၆ နှစ်ရှိသည့် တီချီလော့မှာ The Company  မူးယစ်ဆေးဝါးဂိုဏ်း၏  လှုပ်ရှားမှုအတိုင်းအတာ ကြောင့် မက္ကဆီကိုမူးယစ်ရာဇာ အယ်ချာပိုဂတ်ဇ်မန်းနှင့် နှိုင်းယှဉ်ခံခဲ့ရပြီး အာရှတိုက်၏ အယ်ချာပိုဂတ်ဇ်မန်း ဟု ခေါ်ဝေါ်ခံရသူဖြစ်သည်။ သြစတြေးလျရဲတပ်ဖွဲ့မှာ တီချီလော့ကို ဖမ်းဆီးနိုင်ရန် ဆယ်စုနှစ်တစ်ခုကျော် ခြေရာခံရှာဖွေခဲ့ပြီး ပြီးခဲ့သည့်သောကြာနေ့က ကနေဒါနိုင်ငံသို့ ပျံသန်းမည့် လေယာဉ်ပေါ်မတက်မီ ဖမ်းဆီးနိုင်ခဲ့ ခြင်းဖြစ်သည်။

KNT






အခြားဆက်စပ်သတင်းများ