နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက်ပိုင်း ဂျိုးဘိုင်ဒင်ထံသို့ ဗြိတိန်ဝန်ကြီးချုပ် ပထမဆုံးအကြိမ် ဖုန်းဆက်

လန်ဒန်၊ ဇန်နဝါရီ ၂၄


အမေရိကန်သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဂျိုးဘိုင်ဒင်ထံ ပထမဆုံးအကြိမ် ဖုန်းဆက်စကားပြောခဲ့သည်။ 

စိမ်းလန်းစိုပြေပြီး ရေရှည်တည်တံ့ခိုင်မြဲသည့်ပုံစံမျိုးဖြင့် ကိုဗစ်-၁၉ ရောဂါမှ နလန်ထနိုင်ရန် ကြိုးပမ်းလျက် ရှိရာ ဗြိတိန်နှင့် အမေရိကန်နိုင်ငံကြား အဓွန့်ရှည်သည့် မဟာမိတ်ဆက်ဆံရေးကို ပိုမိုလေးနက်ခိုင်မာအောင် လုပ်ဆောင်ရန်မျှော်လင့်ကြောင်း ဘောရစ်ဂျွန်ဆင်က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။ ဂျိုးဘိုင်ဒင်မှာ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ 

ဂျိုးဘိုင်ဒင်နှင့် ကာမာလာဟာရစ်တို့၏ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ အမေရိကန်နိုင်ငံအတွက် ရှေ့တစ်လှမ်း လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဘောရစ်ဂျွန်ဆင်က ပြောသည်။ ဒေါ်နယ်ထရမ့်လက်ထက်တွင် နုတ်ထွက်ခဲ့ သည့် ပါရီရာသီဥတု သဘောတူညီချက်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်များတွင် အမေရိကန်နိုင်ငံ ပြန်လည် ပူးပေါင်းပါဝင်ခဲ့သည့် ဂျိုးဘိုင်ဒင်၏ ဆုံးဖြတ်ချက်ကို ဘောရစ်ဂျွန်ဆင်က ဝမ်းပန်းတသာကြိုဆိုခဲ့သည်ဟု ဒေါင်းနင်းလမ်းနေအိမ်မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

'' ကျွန်တော်တို့ နှစ်နိုင်ငံကြား လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ကာလရှည် ပူးပေါင်းဆောင်ရွက်မှု သမိုင်းကြောင်းအပေါ် အခြေခံပြီး နေတိုးအဖွဲ့အတွက်၊ လူ့အခွင့်အရေးအတွက် တိုးမြှင့်လုပ်ဆောင်ဖို့၊ ဒီမိုကရေစီကိုကာကွယ်ဖို့ ခေါင်းဆောင် ၂ ယောက်က တစ်ကျော့ပြန် သန္နိဋ္ဌာန် ချမှတ်ခဲ့ပါတယ်''ဟု ဒေါင်းနင်းလမ်းနေအိမ် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

KNT






အခြားဆက်စပ်သတင်းများ