နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နတ်ဆရာ၏ဆေးရည်က ကိုဗစ်ကာကွယ်နိုင်သည်ဟု ဆိုခဲ့သည့် သီရိလင်္ကာကျန်းမာရေးဝန်ကြီး ကိုဗစ်-၁၉ ကူးစက်ခံရ

ကိုလမ်ဘို၊ ဇန်နဝါရီ ၂၄


သစ်ဥသစ်ဖုများဖြင့် ဖော်စပ်ထားသည့်ဆေးရည်က ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်သည်ဟု အမွှမ်းတင် ခဲ့သည့် သီရိလင်္ကာကျန်းမာရေးဝန်ကြီးမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသည်။ ကျန်းမာရေးဝန်ကြီး ဝန်နီယာရက်ချီမှာ ပြီးခဲ့သည့်သောကြာနေ့က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ခြင်းဖြစ်သည်။ 

ဆေးရည်ဖော်စပ်ခဲ့သည့် နတ်ဆရာက ယင်း၏ဆေးမှာ ကိုဗစ်-၁၉ ရောဂါကို တစ်သက်တာ ကင်းစင် ပပျောက်စေသည်ဟု ဆိုခဲ့ဖူးသည်။ အဆိုပါဆေးရည်တွင် ပျားရည်နှင့် သစ်စေ့များပါဝင်ပြီး အိပ်မက်ရရှိသည့် ဆေးညွှန်းဖြင့် ဖော်စပ်ထားခြင်းဟု နတ်ဆရာက ပြောသည်။

သီရိလင်္ကာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၆၀၇၆ ဦး၊ သေဆုံးသူ ၂၇၆ ဦး ရှိနေပြီး ပြီးခဲ့သည့်လ အတွင်း ရောဂါကူးစက်မှုများ တစ်ကျော့ပြန် မြင့်တက်ခဲ့သည်။ 

ဝန်နီယာရက်ချီမှာ သီရိလင်္ကာနိုင်ငံမှ ဝန်ကြီးများအနက် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသည့် စတုတ္ထမြောက်ဝန်ကြီး ဖြစ်လာခဲ့သည်။ အဆိုပါဆေးရည် သောက်ခဲ့သည့် အငယ်တန်းဝန်ကြီးတစ်ဦးမှာလည်း ယခုရက်သတ္တပတ်အစောပိုင်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသည်။

KNT






အခြားဆက်စပ်သတင်းများ