ဆီဆိုင်၊ ဇန်နဝါရီ ၂၄
ဇန်နဝါရီ ၂၂ ရက်၊ ညနေ ၄ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်မြို့၊ ဟိုတိကျေးရွာအနီး၊ ဘန်းယဉ်-ဟိုပုံးသွားကားလမ်းတွင် စံအေး မောင်းနှင်လာသော CRV အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ မော်တော်ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် စံအေး(၄၁)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ဇန်နဝါရီ ၂၂ ရက်၊ ညနေ ၅ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ နောင်ဖာမူကျေးရွာအုပ်စု၊ ပေကုန်းကျေးရွာ- မှိုတောက် ကျေးရွာသွားတောလမ်းတွင် ကျော်ရင် မောင်းနှင်ပြီး အိုက်သန်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ အိုက်သန်း ထံမှ ဘိန်းဖြူ ၀ ဒသမ ၁၆ ကီလို စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀ ပြား သိမ်းဆည်း ရမိခဲ့သဖြင့် အိုက်သန်း(၄၈)နှစ်၊ ကျော်ရင်(၂၈)နှစ် တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ ဆွေဦး