နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နွေအတွက် ရေမခက်ရေး

ရန်ကုန်၊ ဇန်နဝါရီ ၂၄


နွေဦးရာသီသို့ရောက်ရှိလာပြီဖြစ်ရာ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်များတွင် မြစ်၊ချောင်းရေကန်များ ရေလျော့နည်းလာပြီဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်အတွင်း မိုးရေချိန်သိသာစွာကျဆင်းမှု ကန်များ၌ ရေသိုလှောင်မှု နည်းပါးခြင်းကြောင့် ရေအခက်အခဲမဖြစ်ပေါ်စေရန် ရေသိုလှောင်ထိန်းသိမ်းထားရှိမှု၊ ဆည်တမံများကြံ့ခိုင်မှု၊ ဆည်ရေသိုလှောင်ထားရှိမှု ဆည်ရေသောက်စနစ် အဆင့်မြှင့်တင်မှုများ မြို့ပြသုံးရေများ အကျိုးရှိစွာသုံးစွဲနိုင် ရေး ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံအတွက်အရေးကြီးသော စိုက်ပျိုးရေးလုပ်ငန်းအတွက်လည်းကောင်း၊ သောက်သုံးရေအတွက် လည်းကောင်း လိုအပ်သောရေချိုအရင်းအမြစ်များကို နည်းမျိုးစုံဖြင့်ထိန်းသိမ်းကာ အကျိုးရှိစွာသုံးစွဲရန် လိုအပ်ပေသည်။ စိုက်ပျိုးရေးဦးစီးဌာနသည် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် သီးနှံအမယ်သစ်များ ပြောင်းလဲစိုက်ပျိုးရေး၊ ဈေးကွက်ဝင်ဈေးကောင်းရ အရည်အသွေးကောင်းသီးနှံများ စိုက်ပျိုးထုတ်လုပ်ရေး အတွက် နည်းပညာနှင့် လိုအပ်ချက်များကို ဆောင်ရွက်ပေးလျက်ရှိရာ ရေအနည်းလိုသီးနှံများ စိုက်ပျိုးရေးတွင် အထောက်အပံ့ဖြစ်စေသည်။ ကျေးလက်နေပြည်သူများ ရေရရှိရေး၊ လူနေမှုဘဝမြင့်မားရေးအတွက် ဆည်မြောင်း ဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့၏ ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ဆည်၊ မြောင်း၊ ကန်၊ ချောင်းများကို ပြန်လည်တူးဖော် ဆောင်ရွက်ပေးလျက်ရှိသည်။ လူဦးရေတိုးပွားလာမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကြောင့် ရေသယံဇာတရှားပါးမှုသည် အရေးကြီးသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့်ပတ်သက်၍ အသိပေးထားသည်။

နွေရာသီကာလတွင် သောက်သုံးရေပြတ်လပ်မှုမဖြစ်ပေါ်စေရေး သောက်သုံးရေကန်များကို ဒေသဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများက ရေချိုအရင်းအမြစ်များ မဆုံးရှုံးစေရန် စနစ်တကျသုံးစွဲရေး ဒေသခံပြည်သူများအား အသိပေးဆောင်ရွက်လျက်ရှိသည်။ ရေလိုအပ်ချိန်တွင် ရေလှူရခြင်း၊ ရေနှင့်ကောင်းမှုပြုရခြင်းအကျိုး ကြီးမားလှပေသည်။ ရေလိုအပ်ချိန်တွင် မိဘပြည်သူများ အကျိုးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ စေတနာရှင်ပရဟိတအသင်းများက ရေပြတ်လပ်သော ဒေသများတွင် ရေအလှူများ စုပေါင်းလှူဒါန်း ကုသိုလ်ကောင်းမှုပြုကြရာ ရေအကျိုးဆယ်ပါးကို မတောင်းဘဲနှင့် ပြည့်စုံအောင်စွမ်းဆောင်နေရကြပေသည်။ 

ယနေ့ကြုံတွေ့နေရသော ရေနှင့် မြေအသုံးချမှုစနစ်လွဲမှားမှုကြောင့် သန့်ရှင်းသော‌ သောက်သုံးရေရှားပါး လာခြင်း၊ ရေထွက်များ ခန်းခြောက်လာခြင်း၊ မြေအောက်ရေများ ဆုတ်ယုတ်လာခြင်းတို့ကြောင့် သက်ဆိုင်ရာ များက ပူးပေါင်းပါဝင်ခြင်းဖြင့် အစိမ်းရောင်ဖွံ့ဖြိုးရေးကို အထောက်အပံ့ဖြစ်စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ