နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုင်ကယ်ဖြင့်လှည့်လည်သွားလာ၍ လုယက်မှု(၄)မှု၊ ခိုးမှု(၆)မှု၊ ပါင်း(၁၀)မှု ဖော်ထုတ်နိုင်ခဲ့

ရန်ကုန်၊ ဇန်နဝါရီ  ၂၃


ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အတွင်း ဆိုင်ကယ်ဖြင့်လိုက်လံ၍ ဆွဲကြိုးဖြတ်လုယက်သူ ရန်နိုင်(ခ)ကိုနိုင်နှင့် ကျော်သက်ပိုင်(ခ) ဓားနှစ်လက် တို့(၂)ဦးကို ဇန်နဝါရီ ၁၁ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး အခြားပြစ်မှုများ ကျူးလွန်ခဲ့ခြင်းရှိ/မရှိ အသေးစိတ်ထပ်မံဆေးခဲ့ရာ ၎င်းတို့ (၂)ဦးသည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှ ဒီဇင်ဘာလများတွင် မြောက်ဥက္ကလာပမြို့နယ်၊ သန်လျင်မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့အတွင်း ဆိုင်ကယ်ဖြင့် လှည့်လည်သွားလာ၍ အမည်မသိ ၄ ဦးထံမှ ဆိုင်ကယ်အမျိုးမျိုး(၄)စီးအား လုယူခဲ့ပြီး လမ်းဘေး၌ရပ်ထားသော ဆိုင်ကယ်အမျိုးမျိုး(၆)စီး ခိုးယူခဲ့ကြကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်း ဆိုင်ကယ်အမျိုးမျိုး(၁၀)စီးအား ပြန်လည် သိမ်းဆည်း ရရှိပြီးဖြစ်၍ ပြစ်မှုကျူးလွန်သူ ရန်နိုင်(ခ)ကိုနိုင် နှင့် ကျော်သက်ပိုင်(ခ)ဓားနှစ်လက် တို့(၂)ဦးကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ