နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုးကြောင်လေးဘူတာနှင့် ရွာသာကြီးဘူတာကြား ရထားသံလမ်းထိန်းကလစ်များ ခိုးယူသူနှစ်ဦးဖမ်းမိ

ရန်ကုန် မေ ၁၀

 မေ ၉ ရက်၊ ည ၁၁ နာရီ ၂၀ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၃)ရပ်ကွက်အနီး ရန်ကုန်-မန္တလေးမီးရထားလမ်း  တိုးကြောင်ကလေးဘူတာနှင့် ရွာသာကြီးဘူတာကြား၌ မီးရထားသံလမ်းထိန်းကလစ်များ ခိုးယူနေကြောင်းသတင်းအရ ရထားရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးရာ (၁၃)ရပ်ကွက်အနီး၌ အောင်အောင်(၁၈)နှစ်နှင့် ထွန်းလင်းအောင် (၂၀)နှစ်တို့ ၂ ဦးအား မီးရထားသံလမ်းထိန်းကလစ် ၃၃ ခု၊ သံလမ်းဂျွိုင်းဆက်မူလီ ၁ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

မေ ၁၀ ရက်၊ နံနက် ၁ နာရီ ၅၅ မိနစ်အချိန်တွင် မီးရထားလမ်းပိုင်းအား ပြန်လည်ဖွင့်ပေးခဲ့ကာ နံနက် ၃ နာရီ ၁၀ မိနစ် အချိန်တွင် အောင်အောင် ပါ ၂ ဦး(ဖမ်းမိ)အား သင်္ဃန်းကျွန်းရထားရဲစခန်း(ပ)၁၀/၂၀၂၀၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၈၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ