နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာချီလိတ်မြို့နယ်၌ စိတ်ကြွဆေးပြားများ သည်းဆည်းရမိ

တာချီလိတ် မေ ၁၁

မေ ၁၀ ရက်၊ မွန်းလွဲ ၂ နာရီအချိန် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဧဒင်ကျေးရွာအထွက် ဝမ်ကျောက်လုံ-ပန်စလိ ကျေးရွာချင်းဆက်လမ်း၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဝမ်ကျောက်လုံကျေးရွာဘက်မှ ပန်စလိကျေးရွာဘက်သို့ အိုက်အေး (ခ)အိုက်မြောင်(၂၉)နှစ်မောင်းနှင်ပြီး ကျော်ဦး(ခ)အိုက်မိုင်(၂၁)နှစ်နောက်ထိုင်လိုက်ပါလာသည့် ဆိုင်ကယ် အား ရပ်တန့်စစ်ဆေးရာ ကျော်ဦး(ခ)အိုက်မိုင်၏ လွယ်အိတ်အတွင်းမှ ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် WY စိတ်ကြွဆေးပြား ၄၀၀၀ ပြားအား သိမ်းဆည်းရမိခဲ့သပါသည်။

အဆိုပါ ဖမ်းဆီးရမိသူ အိုက်အေး(ခ)အိုက်မြောင်၊ ကျော်ဦး(ခ)အိုက်မိုင်(ဖမ်းမိ)တို့ ၂ ဦးအား ည ၈ နာရီ ၄၀ မိနစ်အချိန်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ