နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြစ်ကြီးနားမြို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

မြစ်ကြီးနား မေ ၁၁

 မေ  ၁၀ ရက်၊ ညနေ ၄ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်တွင် ဝင်းသိမ့် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် အား ရပ်တန့်ရှာဖွေရာ ယင်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၉၀၀ ပြား၊ ဘိန်းဖြူ ၀ ဒသမ ၂ ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ပါသည်။

ဆက်လက်၍ အဆိုပါပူးပေါင်းအဖွဲ့သည် နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် မြစ်ကြီးနားမြို့၊ ဒူကထောင် ရပ်ကွက်နေ မမာဘောက်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ မမာဘောက်အား မူးယစ်ဆေးဝါးများအား မတွေ့ရှိဘဲ လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ဝင်းသိမ့် (၄၈)နှစ်၊ မမာဘောက် (၅၉)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ