နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စင်ကာပူနိုင်ငံတွင် လိင်တူအမျိုးသားသုံးဦး၏ ဥပဒေပယ်ဖျက်ရေး အယူခံဝင်မှုကို အထက်တရားရုံး ပယ်ချ

စင်ကာပူနိုင်ငံတွင် လိင်တူလက်ထပ်ခြင်းကို ပြစ်မှုမြောက်သည်ဟု သတ်မှတ်ထားသည့် ဥပဒေကို ပြင်ဆင်ပြောင်းလဲနိုင်ရန် လျှောက်ထားမှုကို တရားရုံးက ပယ်ချခဲ့သည်။ ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့သည့် ဥပဒေမှာ အခြေခံဥပဒေနှင့်ညီညွတ်ခြင်းမရှိဟု လျှောက်လဲခဲ့သည့် လိင်တူစိတ်ဝင်စားသူ အမျိုးသားသုံးယောက်၏ အယူခံဝင်မှုများကို စင်ကာပူနိုင်ငံ အထက်တရားရုံးက ပယ်ချခဲ့သည်။ အဆိုပါဥပဒေမှာ စင်ကာပူနိုင်ငံ၏ ပြည်သူ့ခံယူချက်နှင့် ယုံကြည်ချက်ကို ထင်ဟပ်ပြရာတွင် အရေးကြီးသည်ဟု အထက်တရားရုံး၏ တရားသူကြီးချုပ်က ပြောသည်။ ပုဒ်မ ၃၇၇ (က)အရ လူမြင်ကွင်း သို့မဟုတ် ဆိတ်ကွယ်ရာနေရာတွင် လိင်တူဆက်ဆံကြောင်း တွေ့ရသည့် အမျိုးသားများကို ထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်နိုင်သည်။ အထက်တရားရုံး၏ အမိန့်ချမှတ်မှုမှာ အလွန်စိတ်ပျက်စရာကောင်းသည်ဟု အယူခံဝင်သူများဘက်မှ ရှေ့နေတစ်ဦးဖြစ်သူ ရာဗီက ပြောသည်။ “ယုံကြည်ချက်အတွက် တုန်လှုပ်စရာ ဆုံးဖြတ်ချက်ပါ။ နိုင်ထက်စီးနင်းလုပ်ရာရောက်ပါတယ်’’ဟု ရာဗီက ပြောသည်။ ၂၀၁၄ ခုနှစ်ကလည်း လိင်တူစုံတွဲတစ်တွဲက ပုဒ်မ ၃၇၇(က)ကို ပြင်ဆင်ပြောင်းလဲရန် အယူခံဝင်မှုကို အထက်တရားရုံးက ပယ်ချခဲ့ဖူးသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ