နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမေနီနှင့်ဆက်နွှယ်နေသည့် တွစ်တာအကောင့်က ဒေါ်နယ်ထရမ့်ကို လုပ်ကြံရန် တိုက်တွန်း

တီဟီရန်    ဇန်နဝါရီ       ၂၃

အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမေနီနှင့် ဆက်နွှယ်နေသည့် တွစ်တာအကောင့်တွင် အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို တိုက်ခိုက်ရန် တိုက်တွန်းသည့် ပို့စ်တစ်ခု ဖော်ပြခဲ့သည်။ အဆိုပါပို့စ်တွင် ဒေါ်နယ်ထရမ့်နှင့်တူသည့် အမျိုးသားတစ်ဦးက စစ်လေယာဉ် သို့မဟုတ် မောင်းသူမဲ့လေယာဉ်ကြီး၏ အရိပ်အောက်တွင် ဂေါ့ဖ်ရိုက်နေသကဲ့သို့ ပုံဖော်ထားသည်။

ပြီးခဲ့သည့်နှစ်က အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် အီရန်တော်လှန်ရေးသက်စောင့်တပ်ဖွဲ့၏ ကွက်တပ်ဖွဲ့ ခေါင်းဆောင် ဆိုလေမာနီ လုပ်ကြံခံရသည့်အပေါ် လက်တုံ့ပြန် တိုက်ခိုက်ရန် ရည်ညွှန်းသည့်အနေဖြင့် '' မလွဲဧကန် လက်စားချေမယ်''ဟု အဆိုပါပို့စ်တွင် ရေးသားထားသည်။
ထို့နောက်တွင် အဆိုပါအကောင့်ကို ပိတ်ပစ်ရန် တောင်းဆိုမှုများ ပေါ်ပေါက်ခဲ့ပြီး ယခုအခါတွင် တွစ်တာ လူမှုကွန်ရက်က @khamenei_site ဆိုသည့် တွစ်တာအကောင့်ကို ဆိုင်းငံ့လိုက်ပြီဖြစ်သည်။

ဆိုလေမာနီ၏ ဦးဆောင်မှုအောက်တွင် အီရန်နိုင်ငံက ယင်းတို့ကို လိုလားသည့် လက်နက်ကိုင်အဖွဲ့များ အင်အားတောင့်တင်းလာအောင် လုပ်ဆောင်နိုင်ခဲ့ပြီး အီရတ်နှင့် ဆီးရီးယားနိုင်ငံများတွင်လည်း ယင်းတို့၏ စစ်အင်အားကို တိုးချဲ့နိုင်ခဲ့သည်။ ဆိုလေမာနီမှာ လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးမှုတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ဆက်နွှယ်နေသည်ဟု ယင်းကို လုပ်ကြံပြီးချိန်၌ ‌ဒေါ်နယ်ထရမ့်က ပြောသည်။           

KNT






အခြားဆက်စပ်သတင်းများ