နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗြိတိန်နိုင်ငံတွင် တွေ့ရသည့် ကိုဗစ်မျိုးဗီဇသစ်က ကူးစက်မြန်သကဲ့သို့ အသက်ဆုံးရှုံးရနိုင်ခြေ ပိုများဟု တွေ့ရှိ

လန်ဒန်   ဇန်နဝါရီ      ၂၃

အစောပိုင်းတွေ့ရှိရသည့် သက်သေအထောက်အထားများအရ ဗြိတိန်နိုင်ငံတွင် တွေ့ရသည့် ကိုဗစ်-၁၉ မျိုးဗီဇသစ်မှာ ကူးစက်မြန်သကဲ့သို့ အသက်ဆုံးရှုံးနိုင်ခြေလည်း ပိုများသည်ဟု ယူဆနိုင်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောသည်။

ကိုဗစ်-၁၉ မျိုးဗီဇဟောင်း ကူးစက်ခံရသူများနှင့် မျိုးဗီဇသစ် ကူးစက်ခံရသူများ၏ သေဆုံးနှုန်းကို သင်္ချာပညာရှင်များက နှိုင်းယှဉ်စစ်ဆေးရာတွင် ယခုအချက်အလက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ကူးစက်မြန် မျိုးဗီဇသစ်မှာ ဗြိတိန်နိုင်ငံတစ်ဝန်း ပျံ့နှံ့လျက်ရှိသည်။

''မျိုးဗီဇသစ်က ကူးစက်ပြန့်ပွားမှု မြန်သလို သေဆုံးမှုနှုန်းလည်း မြင့်မားပုံပါပဲ''ဟု ဘောရစ်ဂျွန်ဆင်က ဒေါင်းနင်းလမ်းနေအိမ် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောသည်။ သို့သော် မျိုးဗီဇသစ် ကူးစက်ခံရသူ အရေအတွက်၊ သေဆုံးသူ အရေအတွက်နှင့် ပတ်သက်၍ မသေချာမှုများရှိနေဆဲဖြစ်ပြီး ကာကွယ်ဆေးများက ကာကွယ်ပေး နိုင်စွမ်းရှိမည်ဟု မျှော်လင့်လျက်ရှိသည်။                              

KNT






အခြားဆက်စပ်သတင်းများ