နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယူးယော့ခ်မြို့ တိရစ္ဆာန်ရုံတွင် အလွန်ရှားပါးသည့် အဖြူရောင်သားပိုက်ကောင် မွေးဖွား

နယူးယော့ခ်   ဇန်နဝါရီ    ၂၃

နယူးယော့ခ်မြို့ တိရစ္ဆာန်ရုံတွင် အလွန်ရှားပါးသည့် အဖြူရောင်သားပိုက်ကောင်တစ်ကောင် မွေးဖွားခဲ့ ခြင်းကြောင့် တိရစ္ဆာန်ရုံဝန်ထမ်းများ အံ့သြမှင်သက်ခဲ့သည်။ ကော့စမိုဟု အမည်ပေးထားသည့် သားပိုက်ကောင်မှာ အရေပြားနှင့် သားမွေးတွင် ရောင်ခြယ်မပါဝင်သည့် အခြေအနေ (leucism) ဖြင့် မွေးဖွားလာခြင်းဖြစ်သည်။ albinism အခြေအနေတွင် မျက်လုံး၌ ရောင်ခြယ်မပါသော်လည်း  leucism မှာ အရေပြားနှင့် သားမွေးတွင်သာ ရောင်ခြယ်မပါခြင်းဖြစ်ပြီး မျက်လုံးတွင် ရောင်ခြယ်ပါသည်။

ကော့စမိုကို လွန်ခဲ့သည့် ၅ လက ဟာပါစဗီးလ်မြို့ တိရစ္ဆာန်ဥယျာဉ်တွင် မွေးဖွားခဲ့သော်လည်း ဇန်နဝါရီလ ၁၅ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် ယင်း၏မိခင်ထံမှ ခွဲထုတ်ခဲ့သည်။ ကော့စမိုမှာ အခြားသားပိုက်ကောင်များကဲ့သို့ လူသား၏လက်မအရွယ်အစားဖြင့် မွေးဖွားလာခြင်းဖြစ်ပြီး မိခင်၏ဗိုက်ထဲ တွင် လပေါင်းများစွာ ကြီးထွားလာခဲ့ပြီးနောက် ပထမဆုံးအကြိမ် ကျန်းမာရေးစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ကော့စမိုမှာ လက်ရှိအချိန်ကာလအတွင်း မြောက်အမေရိကတိုက်တွင် တစ်ကောင်တည်းသော အဖြူရောင် သားပိုက်ကောင်ဖြစ်သည်ဟု ဆိုသည်။                                      

KNT






အခြားဆက်စပ်သတင်းများ