နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသားသက်စောင့်တပ်ဖွဲ့ဝင်အချို့ ကားပါကင်တွင် အိပ်စက်ခဲ့ရသည့်ဖြစ်ရပ်ကြောင့် ဂျိုးဘိုင်ဒင် တောင်းပန်

ဝါရှင်တန်     ဇန်နဝါရီ      ၂၃

အမေရိကန်လွှတ်တော်တွင် လုံခြုံရေးတာဝန်ချခံရသည့် အမျိုးသားသက်စောင့်တပ်ဖွဲ့ဝင်အချို့ ကားပါကင်တွင် အိပ်စက်ရသည့် ဓာတ်ပုံထွက်ပေါ်လာခဲ့ပြီးနောက် သမ္မတသစ် ဂျိုးဘိုင်ဒင်က ယင်းတို့ကို တောင်းပန်ခဲ့သည်။

ဇန်နဝါရီလ ၆ ရက်က လူငါးဦး သေဆုံးခဲ့သည့် လွှတ်တော် အဆောက်အအုံ စီးနင်းခံရမှုဖြစ်ပွားခဲ့ပြီးနောက် ဂျိုးဘိုင်ဒင်၏ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် အမျိုးသားသက်စောင့်တပ်ဖွဲ့ဝင် ၂၅၀၀၀ ကျော်ကို ဝါရှင်တန်ဒီစီသို့ စေလွှတ်ခဲ့သည်။ ပြီးခဲ့သည့်ကြာသပတေးနေ့က ထွက်ပေါ်လာသည့် ဓာတ်ပုံများအရ လွှတ်တော်အဆောက်အအုံတွင် လွှတ်တော်အမတ်များ ပြန်ရောက်လာပြီးနောက် သက်စောင့်တပ်ဖွဲ့ဝင်များမှာ အနီးနားရှိ ကားပါကင်တွင် အိပ်စက်ခဲ့ရသည်။

အဆိုပါဖြစ်ရပ်ကြောင့် နိုင်ငံရေးသမားများ ဒေါသထွက်ခဲ့ကြပြီး အငြင်းပွားစရာဖြစ်ရပ်ကြောင့် ပြည်နယ် အုပ်ချုပ်ရေးမှူးအချို့က ယင်းတို့၏ စစ်သည်များကို ပြန်လည်ခေါ်ယူခဲ့သည်။ ပြီးခဲ့သည့်သောကြာနေ့တွင် ဂျိုးဘိုင်ဒင်က အမျိုးသားသက်စောင့်တပ်ဖွဲ့ဗျူရို အကြီးအကဲထံ ဖုန်းဆက် တောင်းပန်ခဲ့ပြီး ယင်းကဲ့သို့ အခြေအနေ ကြုံခဲ့ရသည့်အကြောင်းရင်းကို မေးမြန်းခဲ့သည်။

သမ္မတကတော် ဂျီဘိုင်ဒင်ကလည်း သက်စောင့်တပ်ဖွဲ့ဝင်အချို့ထံ သွားရောက်ကာ ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကားပြောခဲ့ပြီး လက်ဆောင်အဖြစ် အိမ်ဖြူတော်မှ ဘီစကစ်များကျွေးမွေးခဲ့သည်။ ''ကျွန်မနဲ့ ကျွန်မတို့မိသားစုကို ဘေးကင်းလုံခြုံအောင် စောင့်ရှောက်ပေးခဲ့တဲ့အတွက် ရှင်တို့အားလုံးကို ကျေးဇူးတင် စကားဆိုဖို့ ဒီကို ရောက်လာခဲ့တာပါ'' ဟု ဂျီဘိုင်ဒင်က ပြောသည်။                      

KNT






အခြားဆက်စပ်သတင်းများ