နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ်နယ်ထရမ့်ကို ဒုတိယမြောက် စွဲချက်တင်ရန် ဖေဖော်ဝါရီလတွင် စတင်စစ်ဆေးမည်

ဝါရှင်တန်   ဇန်နဝါရီ    ၂၃

အထက်လွှတ်တော်ရှိ ဒီမိုကရက်တစ်နှင့် ရီပတ်ဗလစ်ကန် အမတ်များကြား သဘောတူညီမှုအရ သမ္မတဟောင်း ဒေါ်နယ်ထရမ့်အပေါ် ဒုတိယမြောက် စွဲချက်တင်ရန် စစ်ဆေးမှုကို လာမည့်လမှ စတင်မည်ဖြစ်သည်။ အောက်လွှတ်တော်၏ ဒီမိုကရက်တစ်လွှတ်တော်အမတ်များက ဆူပူအုံကြွရန် လှုံ့ဆော်မှုစွဲချက်ကို လာမည့်တနင်္လာနေ့တွင် အထက်လွှတ်တော်သို့ ပေးပို့မည်ဖြစ်သည်။

သို့သော် ဖေဖော်ဝါရီလ ဒုတိယပတ်မတိုင်မီ အထက်လွှတ်တော်တွင် ဆွေးနွေးမှုများ စတင်ဦးမည် မဟုတ်သည့် အတွက် ဒေါ်နယ်ထရမ့်၏ ရှေ့နေများအနေဖြင့် ခုခံချေပရန် ရက်သတ္တပတ်နှစ်ပတ် အချိန်ရမည်ဖြစ်သည်။ ဒေါ်နယ်ထရမ့်မှာ ဇန်နဝါရီလ ၆ ရက်က လွှတ်တော်အဆောက်အအုံ စီးနင်းခံရသည့်ဖြစ်ရပ်တွင် ဆူပူအုံကြွအောင် လှုံ့ဆော်ခဲ့သည်ဟု ဒီမိုကရက်တစ်ပါတီဝင်အမတ်များက စွပ်စွဲထားသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် အောက်လွှတ်တော်က ဒေါ်နယ်ထရမ့်ကို ဆူပူအုံကြွရန် လှုံ့ဆော်မှုဖြင့် စွဲချက်တင်ခဲ့သည်။

ဒေါ်နယ်ထရမ့်ကို ဒုတိယမြောက်စွဲချက်တင်ရန် စစ်ဆေးမှု စတင်မည့်ကာလမှာ အာဏာအလွဲသုံးစားမှု၊ လွှတ်တော်ကို တားဆီးနှောင့်ယှက်မှုစွဲချက်များဖြင့် ရင်ဆိုင်ခဲ့ရပြီးနောက် အထက်လွှတ်တော်က ယင်းကို စွဲချက်မတင်ရန် ဆုံးဖြတ်ခဲ့သည့် တစ်နှစ်မြောက်အချိန်အပိုင်းအခြားနှင့် တိုက်ဆိုင်နေသည်။               

KNT






အခြားဆက်စပ်သတင်းများ