နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် လုပ်ငန်းကော်မတီ၏ အမိန့်နှင့်ညွှန်ကြားချက်အား လိုက်နာရန်ပျက်ကွက် သည့် KTV ဆိုင်အား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူ

ရန်ကုန်၊ ဇန်နဝါရီ  ၂၃

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် COVID-19 ရောဂါဖြစ်ပွားနေသောကာလအတွင်း ရောဂါကူးစက်မှုအား ထိန်းချုပ်တားဆီးနိုင်ရန်အလို့ငှာ COVID 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်လုပ်ငန်းကော်မတီမှ KTV / Night Club များ ဖွင့်လှစ်ခြင်းမပြုရန် ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်အား လိုက်နာခြင်းမရှိဘဲ KTV ဖွင့်လှစ်လုပ်ကိုင်နေကြောင်း သတင်းအရ ဇန်နဝါရီ ၁၉ ရက်၊ ည  ၁၀ နာရီအချိန်တွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ (၃)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ အမှတ်(၂)ရှိ “စွဲ” Restaurant & Family KTV သို့ ဝင်ရောက်စစ်ဆေးရာ ဆိုင်မန်နေဂျာ မင်းမင်းလှိုင် နှင့် ဆိုင်ဝန်ထမ်း အမျိုးသား/ အမျိုးသမီး(၆)ဦး၊ လာရောက်သီဆိုသူ အမျိုးသား(၈)ဦးနှင့် အကူသီဆိုသူ အမျိုးသမီး ၂ ဦးကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းတို့(၁၇)ဦးအား သဘာဝဘေးအန္တရာဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ