နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သတိပြုလိုက်နာ ကင်ဆာရောဂါ

ရန်ကုန်၊ ဇန်နဝါရီ ၂၃

မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကင်ဆာရောဂါကြောင့် သေဆုံးမှုနှုန်းသည် ၂၀၂၀ ပြည့်နှစ်တွင် လူဦးရေ ရှစ်သန်းကျော်အထိ တိုးပွားလာနိုင်သည်ဟု သက်ဆိုင်ရာအဖွဲ့အစည်းများက ထုတ်ပြန်အသိပေးထား သည်။ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကင်ဆာရောဂါကြောင့် သေဆုံးသူ သုံးသန်းကျော်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ နှစ်စဉ်သေဆုံးသူ ၂ ဒသမ ၉ သန်းသည် အမျိုးသမီး မီးယပ်ကင်ဆာရောဂါဖြစ်ကြောင်း မြန်မာနိုင်ငံတွင် ရင်သားကင်ဆာသည် အဖြစ်အများဆုံးဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာသည် ဒုတိယအများဆုံးဖြစ်သည်။ အချို့ကင်ဆာများသည် ကာကွယ်၍မရသော်လည်း  စောစောသိလျှင် ကုသ၍ပျောက်ကင်းသည်။ သားအိမ်ခေါင်းကင်ဆာသည် ကာကွယ်ကုသ၍ရသော ကင်ဆာ ဟုသိရှိရပြီး ကာကွယ်သည့်နည်းလမ်းများကို လိုက်နာကြရန်လိုအပ်ပေသည်။

ကင်ဆာဖြစ်ရခြင်းအကြာင်းအရင်းများအနက် အစားအသောက်ကြောင့် ဖြစ်ပွားရနှုန်း ၃၅ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးနေရာတွင်ရှိပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် ရာခိုင်နှုန်း ၃၀ ၊ ဗိုင်းရပ်စ်ပိုးများကြောင့် ၁၀ ရာခိုင်နှုန်း ၊ လိင်ဆက်ဆံမှုများကြောင့် ၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ကင်ဆာရောဂါသည် ပြည်သူ့ ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်လာပြီး ကင်ဆာရောဂါကြောင့် လူတစ်ဦးချင်းသာမက ပြည်သူလူထုတစ်ရပ်လုံး ၏ လူမှုဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ အဆုတ်ကင်ဆာဖြစ်ပွားသူ ၉၀ ရာခိုင်နှုန်းမှာ ဆေးလိပ်သောက်သုံးမှု ကြောင့် ဖြစ်ကြောင်း၊ အသည်းကင်ဆာရောဂါသည် တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ မြန်မာအပါအဝင် အာရှနိုင်ငံများတွင် ပိုမိုများပြားပြီး အသည်းကင်ဆာရောဂါ၏  ၈၀ ရာခိုင်နှုန်းသည်  အသည်းရောင်၊ အသားဝါဘီနှင့် စီပိုးတို့ကြောင့်ဖြစ်ပြီး အရက်အလွန်အကျွံသောက်သုံးမှုကြောင့် အသည်းခြောက်ရောဂါ၊ အသည်းအဆီဖုံးမှုကြောင့် ဖြစ်သည်။

ရင်သားကင်ဆာသည် အသက် ၄၀ မှ ၄၉ နှစ်အရွယ် အမျိုးသမီးများတွင် ဖြစ်ပွားနှုန်းမြင့်တက်လာကြောင်း အရွယ်ရောက်ပြီးသူ အမျိုးသမီးတိုင်း အသက် ၅၀ အရွယ်အထိ နှစ်နှစ်တစ်ခါ ကင်ဆာစစ်ဆေးမှုပြုလုပ်သင့် ကြောင်းနှင့် အသက် ၅၀ မှ ၇၅ နှစ်အတွင်း နှစ်နှစ်တစ်ခါ၊ သုံးနှစ်တစ်ခါ စစ်ဆေးသင့်ကြောင်း သုတေသနပညာရှင် များက အသိပေးထားသည်။ ကင်ဆာရောဂါကြောင့် သေဆုံးသူ ၇၀ ရာခိုင်နှုန်းတွင် ဝင်ငွေနိမ့်ကျသူ၊ ဝင်ငွေ အလယ်အလတ်ရှိသူများ ဖြစ်ကြသည်။ ကင်ဆာရောဂါရှာဖွေကုသရေးလုပ်ငန်းများကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ရှာဖွေကုသပေးလျက်ရှိပြီး အဖြစ်များသော ကင်ဆာရောဂါဆေးများကိုလည်း နိုင်ငံတော်က ပြည်သူအတွက် ကျခံသုံးစွဲပေးနေသောကြောင့် သက်သောင့်သက်သာ ကုသခွင့်ရရှိနေပြီဖြစ်သည်။ ကင်ဆာ ရောဂါရှာဖွေကုသရေးလုပ်ငန်းများကို ပြည်သူလူထုအခြေပြု ဆောင်ရွက်ခြင်းဖြင့် ရောဂါဖြစ်ပွားမှုကျဆင်းရေး ကို အထောက်အပံ့ဖြစ်စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ