နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်နေသည့် အိန္ဒိယစက်ရုံမီးလောင်ခဲ့ပြီး လူ ၅ ဦး သေဆုံး

နယူးဒေလီ၊ ဇန်နဝါရီ ၂၂


အိန္ဒိယနိုင်ငံအနောက်ပိုင်း ပူနီမြို့ရှိ ကမ္ဘာ့အကြီးမားဆုံး ကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီ Serum Institute of India ၏ စက်ရုံတစ်လုံး မီးလောင်ကျွမ်းခဲ့ခြင်းကြောင့် လူ ၅ ဦး သေဆုံးခဲ့သည်။ ဇန်နဝါရီလ ၂၁ ရက် မွန်းလွဲပိုင်းက ‌ဆောက်လုပ်စ အဆောက်အအုံတွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ မီး‌လောင်ကျွမ်းရသည့် အကြောင်းရင်းကို ခွဲခြားဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။


ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်သည့်စက်ရုံ မီးလောင်ခဲ့သော်လည်း ကာကွယ်ဆေးထုတ်လုပ်မှုကို ထိခိုက်မှုမရှိကြောင်း Serum Institute of India ၏ အမှုဆောင်ချုပ်က ပြောသည်။


Serum Institute of India ကုမ္ပဏီတွင် Covishield ကိုဗစ်ကာကွယ်ဆေးအများအပြား ထုတ်လုပ်နိုင်သည့် အခြားစက်ရုံအဆောက်အအုံများရှိနေ၍ ယခုအခြေအနေမျိုးကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးထုတ်လုပ်မှုကို ထိခိုက်စေမည်မဟုတ်ကြောင်း Serum Institute ၏ အမှုဆောင်ချုပ် ပူနာဝါလာက ပြောသည်။


KNT






အခြားဆက်စပ်သတင်းများ