နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂါနာနိုင်ငံတွင် ကလေးခိုးဂိုဏ်းအဖွဲ့ဝင်ဟု သံသယရှိသူ ၁၁ ဦးကို ဖမ်းဆီးရမိ

အက်ခရာ၊ ဇန်နဝါရီ ၂၂


ဂါနာနိုင်ငံတွင် ကလေးငယ်များကို ရောင်းစားသည့် ကလေးခိုးဂိုဏ်း အဖွဲ့ဝင်များကို ဖမ်းဆီးနိုင်ခဲ့သည်။ သံသယရှိသူ ၁၁ ဦးတွင် ဆရာဝန်နှစ်ဦး၊ သူနာပြု လေးဦး၊ မိခင် နှစ်ဦး၊ လူမှုဝန်ထမ်းအရာရှိနှစ်ဦး၊ ဝမ်းဆွဲဆရာမ တစ်ဦး ပါဝင်သည်။


ယင်းတို့မှာ ဂါနာနိုင်ငံမြို့တော် အက်ခရာမြို့နှင့် တီမာမြို့ရှိ ကျန်းမာရေးစင်တာများတွင် လှုပ်ရှားခဲ့ခြင်းဟု ဆိုသည်။ မီးဖွားပြီးနောက် ယင်းတို့၏ကလေးငယ်များ သေဆုံးသွားပြီဟု မိခင်များကို လိမ်ပြောပြီး ကလေးငယ် များကို ခိုးယူခဲ့ခြင်းဖြစ်ဖွယ်ရှိသည်ဟု အာဏာပိုင်များက ယုံကြည်နေသည်။


အချို့မိခင်များကလည်း ကလေး များကို ကျွေးမွေးစောင့်ရှောက်ရန် အခက်အခဲရှိခြင်းကြောင့် ကလေးခိုးဂိုဏ်းထံ ကလေးရောင်းချခဲ့ခြင်းဖြစ်ဖွယ် ရှိသည်။
ကလေးခိုးဂိုဏ်းကို ဖမ်းဆီးနိုင်ရန်အတွက် အာဏာပိုင်နှစ်ဦးက ကလေးဝယ်ယူမည့်သူများအဖြစ် အသွင်ယူခဲ့ပြီး ကလေးဝယ်ယူခဲ့ရာ ကလေး ၂ ယောက်ကို အမေရိကန်ဒေါ်လာ ၅၀၀၀၊ အမေရိကန်ဒေါ်လာ ၄၈၀၀ စသည့်ပမာဏဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။ ကလေးခိုးဂိုဏ်းကို ဖမ်းဆီးနိုင်ခဲ့ပြီးနောက် ကယ်တင်နိုင်ခဲ့ သည့် ကလေးနှစ်ဦးကို အာဏာပိုင်များက စောင့်ရှောက်ထားသည်။


KNT






အခြားဆက်စပ်သတင်းများ