နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းနိုင်ငံတွင် ဘိုးဘွားဂေဟာ မီးလောင်ကျွမ်းခဲ့ခြင်းကြောင့် လူ ၁၅ ဦး သေဆုံး

ကိဗ်၊ ဇန်နဝါရီ ၂၂


ယူကရိန်းနိုင်ငံအရှေ့ပိုင်း ခါကိဗ်မြို့ရှိ ဘိုးဘွားဂေဟာ မီးလောင်ကျွမ်းခဲ့ခြင်းကြောင့် လူ ၁၅ ဦး သေဆုံးခဲ့ ကြောင်း ယူကရိန်းနိုင်ငံ အရာရှိများက ပြောသည်။ ဇန်နဝါရီလ ၂၁ ရက်က Golden Hour ဘိုးဘွားဂေဟာတွင် မီးလောင်ကျွမ်းခဲ့ရာ မီးသတ်သမားများက တစ်နာရီကျော် ငြှိမ်းသတ်ခဲ့ရသည်။ မီးလောင်ရာတွင် လူ  ၁၁ ဦး ဒဏ်ရာရခဲ့သည့်အနက် ငါးဦးမှာ ဆေးရုံတွင် ကုသမှုခံယူလျက်ရှိကြောင်း အရာရှိများက ပြောသည်။


အပူပေးစက်ကို နမော်နမဲ့ အသုံးပြုမိရာမှာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်မည်ဟု အစိုးရရှေ့နေချုပ် အာရီနာက ပြောသည်။ နှစ်ထပ်တိုက်တန်းလျား၏ အပေါ်ထပ်တွင် မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း အရေးပေါ်ဝန်ကြီးဌာနက ပြောသည်။ မီးလောင်ကျွမ်းသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် အစိုးရ၏ အထူးကော်မရှင်တစ်ရပ် ဖွဲ့စည်းသွားမည်ဖြစ်သည်။


KNT






အခြားဆက်စပ်သတင်းများ